Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင်တော်လှန်ရေးအရှိန်မြှင့်ရန် CCTVတပ်ထားသောအိမ်များဖြုတ်ပေးရန် အကူအညီတောင်း

“ စာတွေကို အိမ်တံခါးမှာတွေ့တာ။ ကျန်တဲ့အိမ်တွေလည်းတွေ့တယ်” ဟု ရန်ကုန်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် တော်လှန်ရေးအရှိန်မြှင့်တင်ရန်အတွက် နေအိမ်များတွင်တပ်ဆင်ထားသော CCTVကင်မရာများ ဖြုတ်ပေးကြရန် ရန်ကုန်တော်လှန်ရေးအဖွဲ့ လူငယ်များက စာများဖြန့်ဝေကာလူထုအားအကူအညီတောင်းသည်။

ရန်ကုန်မြို့တွင်းရှိ နေအိမ်များတွင်တပ်ဆင်ထားသော လုံခြုံရေးစောင့်ကြည့်ကင်မရာ (CCTV) များ ဖြုတ်ပေးကြပါရန် ရန်ကုန်တော်လှန်ရေးအဖွဲ့ လူငယ်များက ယနေ့(အောက်တိုဘာ ၇)တွင် ကူအညီတောင်းခံခြင်းဖြစ်သည်။

“ စာတွေကို အိမ်တံခါးမှာတွေ့တာ။ ကျန်တဲ့အိမ်တွေလည်းတွေ့တယ်” ဟု ရန်ကုန်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

တော်လှန်ရေးအရှိန်မြှင့်တင်မည်ဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များနှင့် ဝေးရာတွင်နေထိုင်ရန်CCTVများကိုဖြုတ်ပေးရန် ၊CCTV များကိုလမ်းဘက်သို့ချိန်မထားရန် ၊တော်လှန်ရေးနှင့်ပတ်သပ်သောမှတ်တမ်းများရိုက်ကူးမိပါကဖြုတ်ပေးရန် လည်း ရန်ကုန်နေ ပြည်သူလူထုအားတော်လှန်ရေးအဖွဲ့များက
သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။