Connect with us

Hi, what are you looking for?

News

​ဆော-​ကျောက်ထုလမ်းပိုင်းကို ပြည်သူများသွားလာခြင်းမပြုရန် YDF သတိပေး

ဆော-​ကျောက်ထု လမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ​YDF တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

လက်ရှိစစ်ရေးတင်းမာမှုအခြေအနေများအရ မိဘပြည်သူများအနေဖြင့် ဆော- ကျောက်ထုလမ်းပိုင်းသို့ လုံးဝ သွားလာခြင်းမပြုကြရန် အထူး‌အသိပေးကြေညာအပ်​ကြောင်း ​ယော​ဒေသကာကွယ်​ရေးအဖွဲ့-YDF(​ဆော-ကျောက်ထု) ကယ​နေ့ထုတ်ပြန်သည်။

​ဆော-​ကျောက်ထု လမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ​YDF တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။ ​ယောနယ် ၊​ဆောနယ်အပါအဝင် မ​ကွေးတိုင်း ၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် တို့တွင်စစ်​ကောင်စီတပ်မှ အင်အားအများအပြားဖြည့်တင်း​နေပြီး ​ဒေသကာကွယ်​ရေးတပ်များကလည်း ​ပျောက်ကြားနည်းဖြင့် တိုက်ခိုက်မှုများပိုမိုပြင်းထန်​နေသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ​ဆော-​ကျောက်ထုလမ်းပိုင်းတွင် ​အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီက စစ်ကြောင်းနှစ်ကြောင်း စစ်အင်အား (၁၅၀) ကျော်ဖြင့် ချီတက်လာစဥ် YDF-​ဆော-​ကျောက်ထုပျောက်ကျားတပ်ဖွဲ့ ကမိုင်းအကြီး (၂)လုံး ၊ ပဒေသာမိုင်း အလုံး (၄၀)၊ လက်နက်ကြီး (၇)ချက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်မှ (၂၀)ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း YDF မှ သတင်းအတည်ပြုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook