Connect with us

Hi, what are you looking for?

News

က​လေးမြို့မှ စစ်တပ်မိသားစုများကို​​ လေယာဥ်ဖြင့်ရွှေ့ပြောင်း

က​လေးမြို့မှ စစ်တပ်မိသားစုများကို​​လေယာဥ်ဖြင့်ရွေ့​ပြောင်းခြင်းမှာ စစ်သားများထွက်မ​ပြေးရန်နှင့် စစ်ပွဲကြီးဖြစ်လာလျှင်သူ့လူမနာရန်ဖြစ်ဟု ​ဒေသခံများသုံးသပ်

အကြမ်းဖက်စစ်ကောင်စီက ကလေးတပ်နယ်မှ တပ်မိသားစုများကို စစ်တပ်​လေယာဥ်ဖြင့် အရေးပေါ်ပြောင်းရွှေ့ခဲ့ကြောင်း ကလေးဒေသခံများကပြောသည်။

ထိုသို့ပြောင်းရွှေ့ခြင်းမှာ စစ်သားများ ထွက်မပြေးစေရန် တပ်မိသားစုများကို ခေါ်ထားခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

“သဘောကစစ်မြေပြင်လိုပြာကျတဲ့ထိတိုက်လို့ပစ်လို့ရအောင်ကိုယ်လူကိုယ်အရင်ဖယ်ထုတ်သွားတာပါ။ အဆုံးစွန်ယုတ်မာဖို့ပါ”ဟု ဒေသခံတစ်ဦးပြောသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်း နှင့်ချင်းပြည်နယ်တို့တွင် စစ်အင်းအားဖြည့်တင်းနေပြီး မကြာခင်စစ်ပွဲကြီးတစ်ခု ဆင်နွှဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“တပ်တွေ ထွက်ပြေးမရအောင် မိသားစုတွေကို ဓားစာခံလုပ်ထားတာ”ဟု ကလေးမြို့ခံတစ်ဦးကသုံးသပ်သည်။

ထိုသို့ခေါ်ဆောင်ရာတွင် အကြမ်းဖက်စစ်တပ်ပိုင်လေယာဉ်ဖြင့် အောက်တိုဘာ ၁၀ ရက်နေ့ည ၇ နာရီတွင်တစ်ကြိမ် နှင့် အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းတွင် တစ်ကြိမ်စုစုပေါင်း နှစ်ကြိမ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကလေးမြို့ကိုအခြေစိုက်ပြီး အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်ကို စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်တွင် ကလေးမြို့မှ ချင်းပြည်နယ်ကို စစ်ကား ၂၁ စီးနှင့် လက်နက်ကြီးတပ်ဆင်ထားသည့် ကားတစ်စီး ထွက်ခွာသွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။