Connect with us

Hi, what are you looking for?

News

နွားထိုးကြီးနယ်တွင် စစ်ကောင်စီတပ်ကို Zero ပြောက်ကျားအဖွဲ့ကတိုက်ခိုက်ရာ ၁၂ဦးထက်မနည်းသေ

အဆိုပါ Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေး ဒလန်များကိုလည်း တိုက်ခိုက်ခဲ့သည်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့(အောက်တိုဘာ၁၄)ညက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Zero ပြောက်ကျားအဖွဲ့က ယနေ့ သတင်းထုတ်ပြန် သည်။

ယခု တိုက်ခိုက်မှုဖြစ်ပွားရာ ကျေးရွာသည် မြင်းခြံနှင့် နွားထိုးကြီးကြားရှိ ကျေးရွာတစ်ခုဖြစ်သည်ဟု မြင်းခြံဒေသခံက ပြောသည်။

“သူတို့ ထိခိုက်မှုက တော်တော်များနိုင်တယ်။ ထုတ်ပြန်ထားတာက ခန့်မှန်းပေါ့”ဟု ဒေသခံက ပြောသည်။

အောက်တိုဘာ ၁၄ရက် ည၁၁နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီးလက်နှက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မြင်းခြံဒေသ၌ အဓိက လှုပ်ရှားခဲ့သည့် Zero ပြောက်ကြားအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရန်သူ့အိပ်ဆောင်အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ ပြန်လည်ခုခံနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ၁၅ မိနစ်ခန့်အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိဘဲပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားအဖွဲ့က ဆိုသည်။

အဆိုပါ Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေး ဒလန်များကိုလည်း တိုက်ခိုက်ခဲ့သည်။

ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဖွဲ့နေထိုင်သည့်နေရာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းမှာ Zero ပြောက်ကျားတပ်အင်အားပိုကောင်းလာ၍ ဖြစ်နိုင်ကြောင်း ဒေသခံက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။