Connect with us

Hi, what are you looking for?

News

မန္တလေးက နေရာအများစုမှာ စစ်ကောင်စီအင်အားအလုံးအရင်းနဲ့စစ်ဆေးနေ

“ကျွန်တော်က လမ်း၁၂၀နဲ့ ၅၈လမ်းနေရာမှာ အစစ်ခံခဲ့ရတာ။ ဆိုင်ကယ်တူးဘောက်တွေဖွင့်စစ်တယ်။ နောက်ပြီး ဖုန်းပါတဲ့လူဆို ဖုန်းတွေပါ စစ်တာ” လို့ဒီမနက် ၁၀နာရီလောက်က စစ်ဆေးခံရသူတစ်ဦးကပြောပါတယ်။

မန္တလေးခရိုင်အတွင်း မြို့နယ်တွေ က ရပ်ကွက်လမ်းနေရာတွေမှာ စစ်ကောင်စီဟာ အင်အားအများအပြားအသုံးပြုပြီး ဒီနေ့မနက်ပိုင်းက စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

သက်ဆိုင်ရာမြို့နယ်တွေရဲ့ လမ်းဆုံလမ်းခွနေရာတွေ ၊ လူအသွားအလာများတဲ့ ရပ်ကွက်တွေရဲ့ လမ်းနေရာတွေနဲ့ အဓိကလမ်းမကြီးတွေမှာ စစ်တပ်၊ ရဲနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

“ကျွန်တော်က လမ်း၁၂၀နဲ့ ၅၈လမ်းနေရာမှာ အစစ်ခံခဲ့ရတာ။ ဆိုင်ကယ်တူးဘောက်တွေဖွင့်စစ်တယ်။ နောက်ပြီး ဖုန်းပါတဲ့လူဆို ဖုန်းတွေပါ စစ်တာ” လို့ဒီမနက် ၁၀နာရီလောက်က စစ်ဆေးခံရသူတစ်ဦးကပြောပါတယ်။

မနက် ၉နာရီလောက်ကစတင်ပြီး ကန်တော်ကြီးမီးပွိုင့်အနီးနေရာတွေ ၊ ၁၀၇လမ်း ၊လမ်း၇၀အနီးနေရာတွေ ၊၆၂လမ်း စက်မှုပန်းခြံလမ်း၊၆၂လမ်း ၊ကုတင်၃၀၀၊ရှမ်းလေးကျွန်းလမ်းဆုံးစတဲ့နေရာတွေနဲ့ မြို့တွင်းလမ်းမတွေမှာပါစစ်ဆေးနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” ဒီနေ့မနက်ကတော့ တော်တော်ကိုကြမ်းတယ် စစ်ဆေးတာ။ အရင်က တနေရာစစ်ရင် သူတို့နဲ့ထိတ်တိုက်မဆုံချင်ရင် ရှောင်သွားလို့ရတယ် ဒီနေ့ကျတော့ အခု ဒီလမ်းမှာစစ်တယ်နော် နောက်လမ်း၂ပြလောက်နေရင် သူတို့ကရှိနေပြန်ကောပဲ “လို့ အောင်မြေသာစံမြို့နယ်မှာ စစ်ဆေးခံခဲ့ရတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ အဖွဲ့ပေါင်းစုံပါဝင်တဲ့ သိန်းငှက်စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ပြီးခဲ့တဲ့တစ်ပတ်ကျော်ခန့်က စတင်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။