▪️အထူးရဲ ၁၂ ဦးသေ၊ အများအပြားဒဏ်ရာရ
ရဲချုပ်ယာဉ်တန်းကို စစ်ကိုင်းတိုင်းရှိတော်လှန်ရေးမဟာမိတ် ၁၃ ဖွဲ့က ပူးပေါင်းစစ်ဆင်ရေးမှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အထူးရဲ ၁၂ ဦးသေကာ ထိခိုက်ဒဏ်ရာရရှိသူအများအ ပြား ရှိခဲ့သည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ ၁၆ ရက်) နံနက်ပိုင်းကမြောင်မြို့နယ် ဘိုးမင်းကင်းကြီး ကျေးရွာ နှင့် ကြော့မင်းကျေးရွာကြားတွင် ရဲချုပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းလေးလုံးကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများသေဆုံး ထိခိုက်ဒဏ်ရာများ ပြားခဲ့ခြင်းဟု ဆိုသည်။
ရဲချုပ်သန်းလှိုင်မှာ ဒုတိယဗိုလ်ချုပ်ကြီးလည်းဖြစ်ပြီး စစ်အာဏာရှင် ဖီဆန်မှုတွင် နမည်ကြီးနေသောစစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို ဖိနှိပ်ရန်အတွက် အကြမ်းဖက်စစ်ကောင်စီကအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ စေလွှတ်ထားသူဖြစ်သည်ဟုဆိုသည်။တိုက်ခိုက်ခံရမှုတွင် ရဲချုပ်သန်းလှိုင် ထိ့ခိုက် ဒဏ်ရာရခဲ့ခြင်းရှိ ၊မရှိကိုမူမသိ့ရှိရသေးပေ ။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF –Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ People Defense Force Yesagyo ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG)၊ BLack Eagle Defense Force MMU ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ Myingyan Ranger ၊Cha ung U People’s Defense Force ၊ နှင့် Monywa People Defence Force – MPDF စတဲ့ မဟာမိတ် (၁၃) ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်တွင် ပြည်သူ့တပ်ဖွဲ့များ၏ ရဲဘော်များ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း လည်းသိရသည်။
မဟာမိတ်များပူးပေါင်းစစ်ဆင်ရေးကို အောက် တိုဘာလ ၁၄ ရက်ကလည်း မြောင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ စီးလာသော စစ်ကား (၄) စီးအား မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ဖူးသည်။