Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကျင်းပသည့် NCAနှစ်ပတ်လည်ပွဲတက်သည့် အပစ်ရပ် (၈)ဖွဲ့အား GSCB ပြင်းထန်စွာကန့်ကွက်

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ကမူ စစ်ကောင်စီ ကျင်းပသည့် NCA နှစ်ပတ်လည်ပွဲသို့ မတက်ရောက်ပေ။

ဓမ္မနှင့်အဓမ္မကြား ပြတ်သားစွာရပ်တည်ချက်ကသာ တော်လှန်ရေးသမိုင်းမှတ်ကျောက်အဖြစ်ရှိနေမည်ဟုသတိပေး

အာဏာသိမ်းစစ်ကောင်စီက ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးမှု (၆)နှစ်ပြည့်ပွဲသို့ တက်ရောက်ခဲ့သော အပစ်ရပ်လက်နက်ကိုင် (၈)ဖွဲ့၏ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းအထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က သဘောထားထုတ်ပြန်သည်။

အောက်တိုဘာ ၁၅ရက်က စစ်ကောင်စီက ကျင်းပသည့် NCA နှစ်ပတ်လည်ပွဲသို့ တက်ရောက်ခဲ့သည့် လက်နက် ကိုင်များမှာ ရှမ်းအဖွဲ့(RCSS)၊ ပအိုဝ်းအဖွဲ့(PNLO)၊ မွန်အဖွဲ့(NMSP)၊ ရခိုင်အဖွဲ့(ALP)၊ ကရင်ငြိမ်းရေးကောင်စီ(KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ လားဟူအဖွဲ့(LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ကမူ စစ်ကောင်စီ ကျင်းပသည့် NCA နှစ်ပတ်လည်ပွဲသို့ မတက်ရောက်ပေ။

Public Service Announcement

Public Service Announcement

၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နေပြီး မျိုးဆက်သစ်လူငယ်‌များကရှေ့ဆုံးမှ အသက်စွန့်တိုက်ပွဲဝင်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်ရေး ဆင်နွှဲနေသည့် အခြေအနေတွင် NCA (၆)နှစ်ပြည့်ပွဲတက်ရောက်ခဲ့သည့် အပစ်ရပ်လက်မှတ်ထိုး လက်နက်ကိုင် (၈)ဖွဲ့သည် ၎င်းတို့ထုတ်ပြန်ထားသည့် ကြေညာချက်ကို ပြန်လည်ဆင်ခြင်စဉ်းစားရန်လိုအပ်သည်ဟု GSCBက တိုက်တွန်းထားသည်။

အပစ်ရပ်၁၀ဖွဲ့ ခေါင်းဆောင်များဖြင့်စုဖွဲ့ထားသည့် ငြိမ်းချမ်းရေလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့(PPST) အနေဖြင့် စစ်အာဏာရှင်နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုအားလုံးကို အပြည့်အ၀ ထောက်ခံကြောင်း သဘောထားထုတ်ပြန်ထားသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု‌များ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ (CRPH)၏ ကြေညာချက်ကို PPSTက ကြိုဆိုထားသကဲ့သို့ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် ထုတ်ပြန်ချက် သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ် အဖြစ် ကြိုဆိုကြောင်း ထုတ်ပြန်ထားရာ စစ်အုပ်စုကျင်းပသည့် NCA နှစ်ပတ် လည်ပွဲ တက်ရောက်ခြင်း သည် PPST၏ ကြေညာချက်ပါ ဘုံသဘောတူညီချက်များနှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

အဆိုပါ လက်နက်ကိုင် (၈)ဖွဲ့သည် ကိုယ်တိုင်ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များကို တန်ဘိုးထားသော အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှင့် မျိုးဆက်သစ်လူငယ်များ၏ တော်လှန်ရေးစိတ်ဓာတ်ကို တန်ိုးထားလေးစားသောအားဖြင့်လည်းကောင်းပြည်သူလူထုနှင့် တသား တည်း ပြတ်ပြတ်သားသား ရပ်တည်ပြီး နောင်တွင်စစ်အုပ်စုနှင့် ဆက်ဆံမှုမပြုလုပ်ရန် GSCBက တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးတွင် စစ်အုပ်စုနှင့် ပြည်သူလူထုကြား မည်သူနိုင်မလဲ ဆိုသည်ထက် ဓမ္မနှင့် အဓမ္မနှစ်ခုအကြား ပြတ်ပြတ်သားသား ရပ်တည်ချက်သာလျင် တော်လှန် ရေးသမိုင်းဖြစ်စဉ်တွင် မှတ်ကျောက်အဖြစ်ရှိနေမည်ဟု GSCBက အပစ်ရပ်လက်နက်ကိုင် (၈)ဖွဲ့အား သတိပေးသည်။

GSCB၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PPST ပြောရေး ဆိုခွင့်ရှိသူ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းအား မေးမြန်းရာ တစ်ဖွဲ့ချင်းစီ၏ သဘောထားကိုမေးမြန်းရန် ပြောကြားပြီး ဖြေကြားရန် ငြင်းဆိုသည်။

NCA နှစ်ပတ်လည်ပွဲသို့ ကိုယ်စားလှယ် ၄ဦးတက်ရောက်ခဲ့သည့် RCSS တာဝန်ရှိသူ အချို့ထံဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရပေ။

NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်ပွဲ၌ RCSS ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး စိုင်းကောင်း၏ ပြောကြားချက်တွင် RCSS အနေဖြင့် အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် PPSTက ချမှတ်ထားသည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း အားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပူးပေါင်းလက်တွဲ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် NCA အကောင် အထည်ဖော်မှု အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဟု သုံးနှုန်းပြောဆိုခဲ့သည်။

RCSSသည် အာဏာသိမ်းမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း အာဏာသိမ်းသည့်နေ့၌ပင် ပထမဆုံးသဘော ထားထုတ်ပြန်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

အာဏာမသိမ်းမီက စစ်တပ်နှင့် RCSS အကြား တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် RCSSနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးခဲ့သည်။

NCA နှစ်ပတ်လည်ပွဲမတက်ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း ၆နှစ်မြောက်နေ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာ နိုင်ငံရေးခေါင်းဆောင်များအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရန်နှင့် တပ်မတော် နိုင်ငံရေးမှ နှုတ်ထွက်ကြောင်း ကြေညာရန် ဖော်ပြထားသည်။

KNU တာဝန်ရှိသူတစ်ဦးကလည်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဆွေးနွေးရန် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်ဘက်က သဘောထားမမှန်သည့်အပြင် တပ်အင်အားဖြည့်တင်း ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်းမှတ်ချက်ပြုသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဂရုမစိုက်ရုံသာမက ပြည်သူလူထုရွေးချယ်ထားသည် အစိုးရထံမှ အားဏာသိမ်းကာ ပြည်သူလူထု၏ဆန္ဒဖြင့် ရွေးချယ်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ သည်ဟု ၎င်းကဆိုသည်။

“ အဲဒီအပေါ်မှာ အခုလက်ရှိ အခြေအနေက ကျွန်တော်တို့ တိုင်းရင်သားနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီးတော့ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ နောက်ပြီးတော့ သံတမန်ရေးအရ သော် လည်းကောင်း၊ နောက်ပြီး ပြည်ပ နိုင်ငံတကာ အခြေအနေသော်လည်းကောင်း ပူးပေါင်းပြီး တိုက်ပွဲဝင်ရမှာပေါ့။ သူ့နေရာနဲ့သူကဏ္ဍနဲ့ ဟန်ချက်ညီညီ အာဏာရှင်ပြုတ်ချရေးကို မူချထားပြီး ကျွန်တော်တို့ အကောင်အထည်ဖော်ရမှာပေါ့”ဟု KNU တာဝန်ရှိသူက ပြောကြားသည်။

ချင်းလက်နက်ကိုင် CNF အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပူးပေါင်းဆောင်ရွက်ကာ အာဏာရှင်ဖြုတ်ချရေး ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။