Connect with us

Hi, what are you looking for?

News

ကုလက ​ထောက်ပံ့မည့် ကိုဗစ်ကာကွယ်​ဆေးများ ​ပေးပို့ရန် NUG အစိုးရခွင့်ပြု

ကုလ၏ COVID-19 ကာကွယ်ဆေးများ အမြန်ဆုံးရရှိနိုင်ရေးအတွက် COVAX Facility ၊ GAVI အပါအဝင် UN အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ဇူလိုင်၊သြဂုတ်နှင့်စက်တင်ဘာအတွင်း အကြိမ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်ခြင်း၊ အပြန် အလှန်စာပေးပို့ဆက်သွယ်ခြင်းများနှင့် နိုင်ငံတော်ယာယီ သမ္မတက စာပေးပို့၊ ဆက်သွယ်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

People's Spring
People's Spring

ကုလသမဂ္ဂက ​​​ထောက်ပံ့မည့် COVID-19 ကာကွယ် ဆေးများ မြန်မာနိုင်ငံသို့ပေးပို့နိုင်ရန်ခွင့်ပြုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(​အောက်တိုဘာ၁၈) ထုတ်ပြန်သည်။

ကာကွယ်ဆေးများရောက်ရှိပါက မြန်မာနိုင်ငံရှိ တိုင်းရင်း သား၊ ပြည်သူများအားလုံးအား အကြမ်းဖက်စစ်ကောင်စီ ၏ ခြိမ်းခြောက်၊ ရန်ရှာခြင်းများမရှိဘဲ ကာကွယ်ဆေးထိုးနှံနိုင်ရန် GAVI (ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထိုးနှံရေး မဟာမိတ်အဖွဲ့)သည်လည်း အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အလျောက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်းဆိုသမျှ မလိုက်လျောပဲ ဘက်မလိုက်၍ ခွဲခြားမှုမရှိသည့် တန်းတူညီမျှ သဘောတရားများကို သွေဖီမသွားစေရန် ဆောင်ရွက်ရမည်ဟု NUGက တိုက်တွန်းသည်။

ထိုသို့ တန်းတူညီမျှ ကာကွယ်ဆေးထိုးနှံနိုင်ရေး မူဝါဒကို မျှမျှတတ ဖြစ်စေရန် CTF(တိုင်းရင်း သားကျန်းမာရေးအဖွဲ့အစည်းများ နှင့် MOH, NUGတို့ ပူးပေါင်းပါဝင်သော COVID-19 Task Force) က ညှိနှိုင်းဆွေးနွေးနေသည့်အပြင် GAVI ၏ ဆောင်ရွက်ချက်များကိုလည်း နိုင်ငံတကာ နှင့်အတူ ‌စောင့်ကြည့်လျက်ရှိပါကြောင်း ပြည်သူများအား အသိပေးသည်။

ကုလ၏ COVID-19 ကာကွယ်ဆေးများ အမြန်ဆုံးရရှိနိုင်ရေးအတွက် COVAX Facility ၊ GAVI အပါအဝင် UN အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ဇူလိုင်၊သြဂုတ်နှင့်စက်တင်ဘာအတွင်း အကြိမ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်ခြင်း၊ အပြန် အလှန်စာပေးပို့ဆက်သွယ်ခြင်းများနှင့် နိုင်ငံတော်ယာယီ သမ္မတက စာပေးပို့၊ ဆက်သွယ်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

GAVI နှင့် UN အဖွဲ့အစည်းများသည် Pfizer -BioNTech COVID-19 vaccineများ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းနိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်သော ကုမ္ပဏီ၏ လိုအပ်ချက်အရ Indemnity and Liability Agreement (ကာကွယ်ဆေးဆိုင်ရာ လျော် ကြေးစာချုပ်) တွင် အကြမ်းဖက် စစ်ကောင်စီက လက်မှတ်ထိုးရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက် အဆင်မပြေပါက Pfizer Vaccine များကို ပေးပို့နိုင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂ၏ အဖွဲ့အစည်းများက အကြောင်း ကြားခဲ့သည်။

ထို့ကြောင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင် နှင့် CTF တို့က ဆွေးနွေးသုံးသပ်ပြီး “ပြည်သူသာအဓိက” ဟူသော မူဝါဒအပေါ် အခြေခံ၍ အကြမ်းဖက်စစ်ကောင်စီက လက်မှတ်ထိုးခြင်းကို ကော်မရှင်နှင့် CTF တို့က ကန့်ကွက်မည် မဟုတ်ကြောင်း ပြန်ကြားပေးခဲ့ပါသည်။

သိုသော် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအားလုံး မည်ကဲ့သို့သော ခွဲခြားမှုမျိုးမှ မခံရစေဘဲ တန်းတူညီမျှ အခွင့် အရေး ရစေရန်၊ပြည်သူလူထုအား COVID-19 Fourth Wave အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ အမြန်ဆုံး ထောက် ပံ့ပေးရန်၊ကာကွယ်ဆေးထိုးနှံရာတွင် အကြမ်း ဖက်စစ်ကောင်စီက ပါဝင်ဆောင်ရွက်ခြင်း လုံးဝ မရှိစေရန်နှင့် Third Party အဖြစ် UN အဖွဲ့အစည်းများ၊ INGO များ၊ NGO များ၊ CBO/ CSO များ၊ EHO များနှင့် CDM ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးနိုင်ရန် CTFက တောင်းဆိုခဲ့သည်။

ထို့အပြင် ကာကွယ်ဆေးလာရောက်ထိုးနှံမည့် ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန် ထမ်းများ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်ကို UN အဖွဲ့အစည်းများမှ အာမခံစောင့်ရှောက်‌‌‌‌ပေးရန်၊ပြည်သူ လူထု၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်သာ ပဓာန ဖြစ်စေရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူခံထားရသူများ ဖြစ်သည့်အလျောက် ၎င်းတို့နှင့် တရားဝင်ပတ်သက်ခြင်းများသည် နိုင်ငံ တကာဥပဒေများနှင့် ဆန့်ကျင်ကြောင်း ဆွေးနွေးခဲ့သည်။

လက်ရှိတွင်လည်း ကုလ၏ ကိုဗစ်ကာကွယ် ဆေးများကို ဘက်မလိုက်၍ ခွဲခြားမှုမရှိသည့် တန်းတူညီမျှ သဘော တရားများကို ဆန့်ကျင်သော ထုတ်ပြန်စာ တစ်စောင်ကို အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ထမ်း အမည်ခံ Non-CDM လူတစ်စုက စီမံခန့်ခွဲမည်ဆိုသည်မှာပြည်သူများ နားလည်မှု လွဲမှားစေရန် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း NUG က အသိပေးသည်။

ကုလနှင့် မဟာမိတ်အဖွဲ့များက မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ ဒသမ ၂ သန်းထောက်ပံမည်ဟု စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။