Connect with us

Hi, what are you looking for?

News

အခြေခံစစ်သင်တန်းများကို အောင်မြင်စွာပေးနိုင်၍ NUG၏ လက်နက်အထောက်အပံ့သာလိုအပ်ကြောင်း PRAဦးဆောင်သူ ဗိုလ်ဂျပန်ပြော

မကြာမီ NUG အစိုးရထံမှ အထောက်အပံများရရှိရန် မျှော်လင့်ထားပြီး ပြည်သူများကလည်းထောက်ပံပေးရန် ၎င်းက တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုမြင့်တက်နေပြီး အခြေခံစစ်သင်တန်းများကို အောင်မြင်စွာပေးနိုင်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လက်နက် အထောက်အပံ့သာလိုအပ်နေကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

“ဒီနေ့ဆိုရင် (အောက်တိုဘာ ၂၁ ရက်)သင်တန်းအမှတ်စဉ် ၁၀မှာ အမျိုးသား၈၀ ဦးနဲ့အမျိုးသမီး ၂၃ဦးက အခြေခံစစ်သင်တန်းကို စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေတဲ့ကြားကနေ ပြီးသွားပြီ။ဒါပေမယ့် အဓိကအခက်အခဲဖြစ်တဲ့လက်နက်ခဲယမ်းတွေကို မရသေးဘူး”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

မကြာမီ NUG အစိုးရထံမှ အထောက်အပံများရရှိရန် မျှော်လင့်ထားပြီး ပြည်သူများကလည်းထောက်ပံပေးရန် ၎င်းက တိုက်တွန်းသည်။

ထို့အပြင် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တစ်ဖွဲ့လုံးမှာ NUGအစိုးရ၏ လမ်းညွှန်ချက်အတိုင်း လျှောက်လှမ်းမည် ဖြစ်သည်။နိုင်ငံတကာ စစ်ဥပဒေကျင့်ဝတ်များကို လိုက်နာဆောင်ရွက်သွားမည်ဟု ကတိပြုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း နှင့် မကွေးတိုင်းအတွင်းအကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် ပြည်သူ့လက်နက်ကိုင်အဖွဲ့ များအနက် PRA လည်းပါဝင်ပြီး အောက်တိုဘာ ၂၀ ရက်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်လမ်းပိုင်းတစ်ခုတွင် ခြုံခို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ဗီဒီယိုဖိုင်နှင့်အတူ ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ဒုတိယပတ်အတွင်း PRA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲလေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်သား ၂၅ဦးသေကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး PRA မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။