Connect with us

Hi, what are you looking for?

News

အခြေခံစစ်သင်တန်းများကို အောင်မြင်စွာပေးနိုင်၍ NUG၏ လက်နက်အထောက်အပံ့သာလိုအပ်ကြောင်း PRAဦးဆောင်သူ ဗိုလ်ဂျပန်ပြော

မကြာမီ NUG အစိုးရထံမှ အထောက်အပံများရရှိရန် မျှော်လင့်ထားပြီး ပြည်သူများကလည်းထောက်ပံပေးရန် ၎င်းက တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုမြင့်တက်နေပြီး အခြေခံစစ်သင်တန်းများကို အောင်မြင်စွာပေးနိုင်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လက်နက် အထောက်အပံ့သာလိုအပ်နေကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

“ဒီနေ့ဆိုရင် (အောက်တိုဘာ ၂၁ ရက်)သင်တန်းအမှတ်စဉ် ၁၀မှာ အမျိုးသား၈၀ ဦးနဲ့အမျိုးသမီး ၂၃ဦးက အခြေခံစစ်သင်တန်းကို စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေတဲ့ကြားကနေ ပြီးသွားပြီ။ဒါပေမယ့် အဓိကအခက်အခဲဖြစ်တဲ့လက်နက်ခဲယမ်းတွေကို မရသေးဘူး”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

မကြာမီ NUG အစိုးရထံမှ အထောက်အပံများရရှိရန် မျှော်လင့်ထားပြီး ပြည်သူများကလည်းထောက်ပံပေးရန် ၎င်းက တိုက်တွန်းသည်။

ထို့အပြင် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တစ်ဖွဲ့လုံးမှာ NUGအစိုးရ၏ လမ်းညွှန်ချက်အတိုင်း လျှောက်လှမ်းမည် ဖြစ်သည်။နိုင်ငံတကာ စစ်ဥပဒေကျင့်ဝတ်များကို လိုက်နာဆောင်ရွက်သွားမည်ဟု ကတိပြုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း နှင့် မကွေးတိုင်းအတွင်းအကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် ပြည်သူ့လက်နက်ကိုင်အဖွဲ့ များအနက် PRA လည်းပါဝင်ပြီး အောက်တိုဘာ ၂၀ ရက်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်လမ်းပိုင်းတစ်ခုတွင် ခြုံခို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ဗီဒီယိုဖိုင်နှင့်အတူ ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ဒုတိယပတ်အတွင်း PRA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲလေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်သား ၂၅ဦးသေကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး PRA မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။