Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ ကပ်ရောဂါနှင့်တုပ်ကွေးကိုပါရင်ဆိုင်နေရ

လက်ရှိတွင် KNDF တပ်ရင်းများမှ ဆေး တပ်သားများသည် လက်လှမ်းမီသောစစ်ရှောင်နေရာများသို့သွားရောက်ကာ မိမိတို့တပ်ရင်းအတွက်စုဆောင်းထားသောဆေးဝါးများ (ပြည် တွင်းပြည်ပပြည်သူများ၏လှူဒါန်းမှု) အထဲမှ ပြန်လည်မျှဝေပေးခြင်း၊ ဆေးကုသပေးခြင်းများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ကယားပြည်နယ် အတွင်း စစ်ရှောင်နေရသော ပြည်သူများသည် ရာသီတုတ်ကွေးအပြင် ကိုဗစ် ၁၉ ကပ်ရောဂါကိုပါရင်ဆိုင်နေရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကပ် သုံးခု ကိုရင်ဆိုင်နေရတာပေါ့။စစ်ဘေးရော၊ အငတ်ဘေးရော အခုထပ်ဆိုးလာတဲ့ရောဂါဘေးပါ ထပ်ဖြစ်နေတာ။ဘယ်လောက်အရေအတွက်က ကိုဗစ်ဖြစ်နေပါတယ်လို့ စာရင်းမပြုစုနိုင်သေးပေမယ့် တော်တော် များများဖြစ်နေတယ်။ကျွန်တော်တို့ကတော့ အားလုံးကို လွှမ်းခြုံအောင်မကူညီနိုင်ပေမယ့် အတက်နိုင်ဆုံး လုပ်နေတယ်”ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိတွင် KNDF တပ်ရင်းများမှ ဆေး တပ်သားများသည် လက်လှမ်းမီသောစစ်ရှောင်နေရာများသို့သွားရောက်ကာ မိမိတို့တပ်ရင်းအတွက်စုဆောင်းထားသောဆေးဝါးများ (ပြည် တွင်းပြည်ပပြည်သူများ၏လှူဒါန်းမှု) အထဲမှ ပြန်လည်မျှဝေပေးခြင်း၊ ဆေးကုသပေးခြင်းများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းမှာ မြန်မာပြည်အနှံ့ရှိပြည်သူများနှင့် ပြည်ပရောက်မြန်မာပြည်သူများမှ ကရင်နီစစ်ရှောင်ပြည်သူများအား ကူညီပေးနေခြင်းသာဖြစ်သည်ကို မိမိတို့တပ်ရင်းမှ အပြည့်အဝမှတ်ယူထားသည်ဟု KNDF ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲများကြောင့် စုစုပေါင်းလူဦးရေ ၁၄၆,၃၀၀ ခန့်သည် နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယင်းအနက် ကယားပြည်နယ်မှာ လူဦးရေ ၈၀,၀၀၀ ကျော်ဖြင့်အများဆုံးဖြစ်နေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က အောက်တိုဘာ လဆန်းက ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတဝှမ်း လူသားချင်းစာနာမှုအခြေ များသည် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၊လုံခြုံရေးအခြေအနေများ နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် စိုးရိမ်ရဆဲဖြစ်သည်ဟု UNHCR က အသိပေးသည်။

တုံ့ပြန်ကူညီရေးအစီအစဉ်က သတ်မှတ်ထားသော လူဦးရေ ၁ သန်း နှင့် ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်း တိုးလာနေသည့် လူဦးရေ ၂ သန်းအပါအဝင် စုစုပေါင်း လူဦးရေ ၃ သန်းသည် အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ် များ လိုအပ်နေသည်ဟုလည်း UNHCR ကဆိုသည်။

ဓါတ်ပုံ -KNDF

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။