Connect with us

Hi, what are you looking for?

News

ဆေးတက္ကသိုလ်ကျောင်းသား CNF အဖွဲ့နှင့်အတူဆေးကုပေးရင်း ကျဆုံး၊ CDF လူငယ်နှစ်ဦးလည်း မိုင်းထိကျဆုံး

အဆိုပါ လူငယ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်မမှလာရောက်ပြီး CNF ၏ ချင်းအမျိုးသားတပ်မတော်တွင် ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဖလမ်း- ဟားခါးလမ်း တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

နွေဦးတော်လှန်ရေးကာလတွင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ဆေးတက္ကသိုလ် ကျောင်းသား ကိုနိုင်ထူးလွင်သည် ဖလမ်း- ဟားခါးလမ်း တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

ဖလမ်း- ဟားခါး လမ်းတွင် ရီယာလ်သီး ရွာအနီး ကားလမ်းဘေး တစ်နေရာတွင် အောက်တိုဘာ ၂၃ရက်က တွေ့ရှိခဲ့သည့် အမျိုးသားအလောင်းမှာ မကွေးမြို့တွင်နေထိုင်သော ရန်ကုန် ဆေတက္ကသိုလ်(၂) ကျောင်းသား အသက် ၂၀အရွယ် ကိုနိုင်ထူးလွင်ဖြစ်သည်ဟု The Chin Journal က ဖော်ပြသည်။

“အောက်တိုဘာ ၁၃၊ ၁၄ရက် ဖလမ်းနဲ့ ဟားခါးကြား တိုက်ပွဲမှာ တိုက်ပွဲကနေ ခဏဆုတ်တဲ့အချိန်မှာ ကျွန်တော်တို့ ဆေးဆရာဝန်က ဆုတ်လမ်းက မှားသွားတယ်။ အဲဒီကတည်းက ပျောက်သွားတာ။ ကျွန်တော်တို့ လိုက်ရှာတာ မတွေ့ဘူး။ ဒါပေမဲ့ မနေ့က အလောင်းက ရိယာလ်သီး ကျေးရွာ၊ စစ်ကောင်စီကနေ နေအိမ်တွေ ဘုရားကျောင်းတွေ မီးရှို့တဲ့ရွာနားက တောထဲမှာ ပြန်တွေ့ရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ လူငယ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်မမှလာရောက်ပြီး CNF ၏ ချင်းအမျိုးသားတပ်မတော်တွင် ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဖလမ်း- ဟားခါးလမ်း တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထန်တလန်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) မှ လူငယ်နှစ်ဦးသည်လည်း အောက်တိုဘာ ၂၃ရက်က ရှေ့တန်းတစ်နေရာ၌ ကျဆုံးခဲ့သည်ဟု CDFက ထုတ်ပြန်ထားသည်။

အသေးစိတ်အခြေအနေကို မသိရသေးသော်လည်း အဆိုပါလူငယ် ၂ဦးသည် စစ်ကောင်စီကထောင်ထားသော မိုင်းနင်းမိ၍ ကျဆုံးခဲ့ ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဝင်ရင်း ဘ၀နှင့် အသက်ကို ပေးခဲ့ရသူများကိုလေးစားဂါရ၀ပြုကြောင်း လည်း ဆလိုင်းထက်နီက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်တွင်းသို့ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေရာ ချင်းလက်နက်ကိုင်အဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဟု CNFက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

Facebook