Connect with us

Hi, what are you looking for?

News

NCA နှစ်ပတ်လည်ပွဲသို့ တက်ရောက်မှု ဗဟိုကော်မတီ၏ သဘောထား မဟုတ်ဟု ABSDF ထုတ်ပြန်

NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ဖွဲ့အနက် အောက်တိုဘာ ၁၅ရက်က ကျင်းပသည့် NCA နှစ်ပတ်လည်ပွဲသို့ ABSDF အပါအဝင် လက်နက်ကိုင် ၈ဖွဲ့တက်ရောက်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ မတက်ရောက်ခဲ့ပေ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၆နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့မှုသည် ဗဟိုကော်မတီ၏ သဘောထား မဟုတ်ကြောင်း NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)က ထုတ်ပြန်သည်။

NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ဖွဲ့အနက် အောက်တိုဘာ ၁၅ရက်က ကျင်းပသည့် NCA နှစ်ပတ်လည်ပွဲသို့ ABSDF အပါအဝင် လက်နက်ကိုင် ၈ဖွဲ့တက်ရောက်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ မတက်ရောက်ခဲ့ပေ။

NCA ၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်ခြင်းကိစ္စ နှင့်ပတ်သက်၍ ABSDF ဗဟိုကော်မတီ၏ သဘောထားကို ယနေ့ ထုတ်ပြန်ရာ NCA ၆ နှစ်ပြည့် နှစ်ပတ်လည်အခမ်း အနားသို့ တက်ရောက်ခဲ့ခြင်းသည် ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်း၊ ယင်းအခမ်းအနားတွင် တက်ရောက်ပြောကြားချက်များသည် တက်ရောက်သူ၏ ပုဂ္ဂိုလ်ရေး ပြောကြားချက်သာ ဖြစ်ကြောင်း၊ ယင်းအခမ်း အနားသို့ တက်ရောက်ခဲ့ခြင်းသည် အခြေအနေအပေါ်မူတည်ပြီး ပါဝင်ဆောင်ရွက်ခဲ့သူ များ၏ တာဝန်ယူ တာဝန်ခံမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီက ကျင်းပသည့် NCA ၆နှစ်ပြည့်ပွဲသို့ တက်ရောက်ခဲ့သည့် အဖွဲ့များမှာ ရှမ်းအဖွဲ့(RCSS)၊ ပအိုဝ်းအဖွဲ့(PNLO)၊ မွန်အဖွဲ့(NMSP)၊ ရခိုင်အဖွဲ့(ALP)၊ ကရင်အဖွဲ့ DKBAနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ လားဟူအဖွဲ့(LDU)နှင့် ABSDF တို့ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းသည့် ယင်းအဖွဲ့များ၏ လုပ်ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ပြင်းထန်စွာ ကန့်ကွက် ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဧပြီ ၁၈၊၂၀၂၅။ယောနသံ/People’s Spring ကလေး − ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း ငါးခု သိမ်းပိုက်ခဲ့သည့်စစ်ဆင်ရေးများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာကြသည့် ကျောင်းသားတပ်မတော် ABSDF ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ABSDF အမှတ်(၃) စစ်ကြောင်းက ထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်...

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။