Connect with us

Hi, what are you looking for?

LuduNwayOo

News

NLD၊ CRPHနှင့် NUGတို့က ပါတီ နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပို့ကြောင်း SNLD အသိပေး

NLD၏ သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး မိတ်ဖက်ပါတီများနှင့်အတ ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြုရင်း SND အဓွန့်ရှည်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုသည်ဟု ဖော်ပြထာသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၏ ယနေ့ ကျရောက်သည့် (၃၃)နှစ်မြောက် ပါတီတည် ထောင်ခြင်း အထိမ်းအမှတ်နေ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့လာကြောင်း SNLDက ၎င်းတို့၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။

NLD၏ သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး မိတ်ဖက်ပါတီများနှင့်အတ ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြုရင်း SND အဓွန့်ရှည်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုသည်ဟု ဖော်ပြထာသည်။

CRPH သဝဏ်လွှာတွင် SNLD အနေဖြင့် တိုင်းရင်းသား ပြည်သူများ မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် အတူ တကွ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်ဟု ယုံကြည်လေးစားစွာဖြင့် ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း စစ်အာဏာရှင် စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက်သာမက နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းရေး ပဋိပက္ခ ကို အဆုံးသတ်စေမည့် ဖက်ဒရယ်စနစ် ထွန်းကားလာရေးအတွက် တစိုက်မတ်မတ် ရပ်တည်ဆောင်ရွက်နေသည့် SNLD ၏ နှစ်ပတ်လည်နေ့ အား ဝမ်းမြောက်စွာ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။