Connect with us

Hi, what are you looking for?

LuduNwayOo

News

ချက်သမ္မတနိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်

ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတို့အတွက် ကြိုးစားလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများတွေနဲ့ အတူတကွ ရပ်တည်သွားမယ်လို့ ထပ်လောင်းကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ချက်သမ္မတ နိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက်က မြို့တော်ပရာဟာမှာ ကျင်းပခဲ့တယ်လို့ အဲဒီကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

NUG မြန်မာကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့် အရေးနှင့် အသွင်ကူးပြောင်းရေးပေါ်လစီဌာန ညွှန်ကြားရေးမှူး Mr. DAVID ČERVENKA တက် ရောက်ခဲ့ပြီး NUG ကို ဆက်လက်ပံ့ပိုးအားပေးကူညီမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတို့အတွက် ကြိုးစားလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများတွေနဲ့ အတူတကွ ရပ်တည်သွားမယ်လို့ ထပ်လောင်းကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကို NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ မြန်မာမိသားစုများ၊ ချက်နိုင်ငံသားများ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနိုင်ငံမှာလည်း NUG ရဲ့ မြန်မာကိုယ်စားလှယ်ရုံးခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အခု ချက်သမ္မတနိုင်ငံမှာ မြန်မာကိုယ်စားလှယ်ရုံးကို ထပ်မံဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။