Connect with us

Hi, what are you looking for?

News

ကရင်နီပူးပေါင်းတပ် တိုက်ခိုက်၍ ဒီးမော့ဆို၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှရှစ်ဦးသေဟု KNDFထုတ်ပြန်

တိုက်ပွဲအတွင်း ကရင်နီတပ်မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း KNDFက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၁ ရက်)မွန်းလွဲပိုင်းတွင် ဒီး‌မော့ဆိုမြို့ ထူလွီးဘီလာရပ်ကွက်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယနေ့ နံနက် ၉ နာရီခန့်မှစ၍ ရံဖန်ရံခါ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း ကရင်နီတပ်မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက်နှင့် ထူလွီးဘီလာရပ်ကွက်တို့တွင် အကြမ်းဖက် စစ်ကောင်စီ များမှ တပ်အင်အား အများအပြားချထားပြီး ခြေရာတော်ဘုရားနှင့် သဲတောင်တို့တွင်လည်း တပ်စွဲထားကြောင်း၊အကြမ်း ဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့နှင့် ဖရူဆိုမြို့တို့တွင် တပ်အင်အားများ ဖြည့်တင်းလျက် ရှိကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

Facebook