Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပူးပေါင်းတပ် တိုက်ခိုက်၍ ဒီးမော့ဆို၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှရှစ်ဦးသေဟု KNDFထုတ်ပြန်

တိုက်ပွဲအတွင်း ကရင်နီတပ်မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း KNDFက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၁ ရက်)မွန်းလွဲပိုင်းတွင် ဒီး‌မော့ဆိုမြို့ ထူလွီးဘီလာရပ်ကွက်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယနေ့ နံနက် ၉ နာရီခန့်မှစ၍ ရံဖန်ရံခါ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း ကရင်နီတပ်မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက်နှင့် ထူလွီးဘီလာရပ်ကွက်တို့တွင် အကြမ်းဖက် စစ်ကောင်စီ များမှ တပ်အင်အား အများအပြားချထားပြီး ခြေရာတော်ဘုရားနှင့် သဲတောင်တို့တွင်လည်း တပ်စွဲထားကြောင်း၊အကြမ်း ဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့နှင့် ဖရူဆိုမြို့တို့တွင် တပ်အင်အားများ ဖြည့်တင်းလျက် ရှိကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။