Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်သပိတ်ကော်မတီဝင်မတွေ့လို့ အမေကို စစ်ကောင်စီဖမ်းဆီးသွား

ကိုမင်းလွင်ဦးဟာ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်ကပင် အဲဒီနေအိမ်မှာ နေထိုင်တော့တာ မရှိဘူးလို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုမင်းလွင်ဦးရဲ့မိခင်

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုမင်းလွင်ဦး ကို သွားရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့် မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ က နိုဝင်ဘာလ ၁ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လောင်းလုံမြို့နယ် ၊ပြင်းထိန်ကျေးရွာ မှာရှိတဲ့ ကိုမင်းလွင်ဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အကြမ်းဖမ်းဝင်ရောက်စီးနင်းခဲ့တာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် နေအိမ်မှာကိုမင်းလွင်ဦးကိုမတွေ့လို့ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုသန်း ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ကိုမင်းလွင်ဦးဟာ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်ကပင် အဲဒီနေအိမ်မှာ နေထိုင်တော့တာ မရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြင်းထိန်ကျေးရွာအနီး စစ်ပြဲကျေးရွာ က ထားဝယ်ခရိုင်သပိတ်ကော်မတီ ဝင် ကိုဝေယံစိုးရဲ့နေအိမ် နဲ့ ကိုဝေယံစိုးရဲ့အဒေါ်နေအိမ် တွေကို အကြမ်းဖက်ဝင်ရောက် စီးနင်းကာ နေအိမ်က အသုံးအဆောင်ပစ္စည်းတွေကို ဖျက်စီးပြီး ဆိုင်ကယ် ၂ စီးကိုလည်း ယူသွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။