Connect with us

Hi, what are you looking for?

News

ထားဝယ်သပိတ်ကော်မတီဝင်မတွေ့လို့ အမေကို စစ်ကောင်စီဖမ်းဆီးသွား

ကိုမင်းလွင်ဦးဟာ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်ကပင် အဲဒီနေအိမ်မှာ နေထိုင်တော့တာ မရှိဘူးလို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုမင်းလွင်ဦးရဲ့မိခင်

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုမင်းလွင်ဦး ကို သွားရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့် မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ က နိုဝင်ဘာလ ၁ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လောင်းလုံမြို့နယ် ၊ပြင်းထိန်ကျေးရွာ မှာရှိတဲ့ ကိုမင်းလွင်ဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အကြမ်းဖမ်းဝင်ရောက်စီးနင်းခဲ့တာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် နေအိမ်မှာကိုမင်းလွင်ဦးကိုမတွေ့လို့ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုသန်း ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ကိုမင်းလွင်ဦးဟာ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်ကပင် အဲဒီနေအိမ်မှာ နေထိုင်တော့တာ မရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြင်းထိန်ကျေးရွာအနီး စစ်ပြဲကျေးရွာ က ထားဝယ်ခရိုင်သပိတ်ကော်မတီ ဝင် ကိုဝေယံစိုးရဲ့နေအိမ် နဲ့ ကိုဝေယံစိုးရဲ့အဒေါ်နေအိမ် တွေကို အကြမ်းဖက်ဝင်ရောက် စီးနင်းကာ နေအိမ်က အသုံးအဆောင်ပစ္စည်းတွေကို ဖျက်စီးပြီး ဆိုင်ကယ် ၂ စီးကိုလည်း ယူသွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။