Connect with us

Hi, what are you looking for?

LuduNwayOo

News

NUGအပါအဝင် သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကသာ တစ်ခုတည်းသော အဖြေဖြစ်တယ်လို့ ပြင်သစ်​​​ပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Mrs. Noeleen Heyzer အား ခန့်အပ်ခြင်းကို ပြင်သစ်နိုင်ငံက ကြိုဆိုလိုက်ပြီး အပြည့်အ၀ ထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိယ်စားပြုကော်မတီ(CRPH)နဲ့ အခြားသော ဒီမိုကရေစီအင်အားစုများအပါအဝင် သက်ဆိုင်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုကသာ တိုင်းပြည်ရဲ့ အကျပ်အတည်းကိုအဆုံးသတ်နိုင်ဖို့ တစ်ခုတည်းသောအဖြေဖြစ်တယ်လို့ ပြင်သစ်သံရုံးက ဒီနေ့(နိုဝင်ဘာ ၃ ရက်)ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Mrs. Noeleen Heyzer အား ခန့်အပ်ခြင်းကို ပြင်သစ်နိုင်ငံက ကြိုဆိုလိုက်ပြီး အပြည့်အ၀ ထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အထူးသံတမန်ဟာ မြန်မာ့နယ်မြေဒေသအားလုံးကို ဘေးကင်းလုံခြုံပြီး အဟန့်အတားမရှိ ဝင်ရောက်သွားလာနိုင်ခွင့် အာမခံချက်အပြင် ၎င်းရဲ့ အရေးကြီးတဲ့ လုပ်ငန်းမူဘောင်အတွင်းမှ သက်ဆိုင်ရာလူများ၊ ပါတီများအားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ အရေးကြီးတယ်လို့ ပြင်သစ်သံရုံးက တိုက်တွန်းပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ပြင်သစ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးထိန်းသိမ်းထား သူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ ရလဒ်၊ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အဝလေးစားလိုက်နာဖို့ ပြင်သစ်က ထပ်မံတောင်းဆိုပါတယ်။

(ပုဂံမြို့၌ ဆန္ဒပြ​တောင်းဆို​နေသည်ကို မတ်လ၅ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – Win Min Oo)

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။