Connect with us

Hi, what are you looking for?

News

NUGအပါအဝင် သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကသာ တစ်ခုတည်းသော အဖြေဖြစ်တယ်လို့ ပြင်သစ်​​​ပြော

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Mrs. Noeleen Heyzer အား ခန့်အပ်ခြင်းကို ပြင်သစ်နိုင်ငံက ကြိုဆိုလိုက်ပြီး အပြည့်အ၀ ထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိယ်စားပြုကော်မတီ(CRPH)နဲ့ အခြားသော ဒီမိုကရေစီအင်အားစုများအပါအဝင် သက်ဆိုင်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုကသာ တိုင်းပြည်ရဲ့ အကျပ်အတည်းကိုအဆုံးသတ်နိုင်ဖို့ တစ်ခုတည်းသောအဖြေဖြစ်တယ်လို့ ပြင်သစ်သံရုံးက ဒီနေ့(နိုဝင်ဘာ ၃ ရက်)ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် Mrs. Noeleen Heyzer အား ခန့်အပ်ခြင်းကို ပြင်သစ်နိုင်ငံက ကြိုဆိုလိုက်ပြီး အပြည့်အ၀ ထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အထူးသံတမန်ဟာ မြန်မာ့နယ်မြေဒေသအားလုံးကို ဘေးကင်းလုံခြုံပြီး အဟန့်အတားမရှိ ဝင်ရောက်သွားလာနိုင်ခွင့် အာမခံချက်အပြင် ၎င်းရဲ့ အရေးကြီးတဲ့ လုပ်ငန်းမူဘောင်အတွင်းမှ သက်ဆိုင်ရာလူများ၊ ပါတီများအားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ အရေးကြီးတယ်လို့ ပြင်သစ်သံရုံးက တိုက်တွန်းပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ပြင်သစ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးထိန်းသိမ်းထား သူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ ရလဒ်၊ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အဝလေးစားလိုက်နာဖို့ ပြင်သစ်က ထပ်မံတောင်းဆိုပါတယ်။

(ပုဂံမြို့၌ ဆန္ဒပြ​တောင်းဆို​နေသည်ကို မတ်လ၅ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – Win Min Oo)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

Facebook