Connect with us

Hi, what are you looking for?

News

ဖယ်ခုံနယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ နှစ်ဦးသေဟု KNDFထုတ်ပြန်

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ဖယ်ခုံမြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးခေါင်းအိကျေးရွာအုပ်စု လွယ်ဝှဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မ‌တော်(KA)၊ KNDF ၊ PDF (ဖယ်ခုံ)နှင့်PDF ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံခုခံတိုက်ခိုက်ခဲ့ကြောင်း KNDFက ယနေ့(နိုဝင်ဘာ၃ရက်)ညတွင် ထုတ်ပြန်သည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ‌ဘော်နှစ်ဦး မစိုးရိမ်ရသော ဒဏ်ရာများရခဲ့ပြီး တိုက်ပွဲမှာ မွန်းတည့် ၁၂နာယီမှ ညနေ ၅ နာရီကျော်အထိကြာမြင့်ခဲ့ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွယ်ဝှဲရွာမှ ဆုတ်ခွာသည့် ယနေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့ အခြေစိုက် အမြောက်တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖယ်ခုံမြို့၌လည်း လုံခြုံရေးတင်းကြပ်ပြီး အစိုးရဌာနရုံးများတွင် လက်နက်ကြီးအမြောက်များ ချထားခြင်းနှင့် ခံတပ်အဖြစ်အသွင်ပြောင်းခြင်းများ ပြုလုပ်လျက်ရှိသည်ဟု အသိပေးသည်။

နိုဝင်ဘာ ၂ ရက်ကလည်း ဖယ်ခုံမြို့ ဒေသတွင်း အကြမ်း ဖက်စစ်ကောင်စီနှင့် ပြည်သူ့တပ်ဖွဲ့များ၏ ခုခံစစ်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားငါးဦးသေဆုံးထားကြောင်း KNDF က ထုတ်ပြန်ထားသည်။

(လွယ်လှဲကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်)

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook