Connect with us

Hi, what are you looking for?

News

မြန်မာနောင်းသတင်းထောက် မကေဇွန်နွေးကို ရဲရင့်ခြင်းသတင်းထောက်ဆုအတွက် RSF ဆန်ခါတင်ရွေးချယ်

လူငယ်သတင်းထောက် မကေဇွန်နွေးဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေမှုတွေကို တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်နေစဉ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖမ်း ဆီးခြင်းခံခဲ့ရပြီး RSF ရဲ့ ရဲရင့်ခြင်းဆုအတွက် ဆန်ခါ တင်ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းထောက် မကေဇွန်နွေးကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)ရဲ့ ၂၀၂၁ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် RSFက အဆိုပြုရွေးချယ်လိုက်ပါတယ်။

လူငယ်သတင်းထောက် မကေဇွန်နွေးဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေမှုတွေကို တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်နေစဉ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖမ်း ဆီးခြင်းခံခဲ့ရပြီး RSF ရဲ့ ရဲရင့်ခြင်းဆုအတွက် ဆန်ခါ တင်ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

မကေဇွန်နွေးဟာ ဇူလိုင် ၁ ရက်မှာ ပြန်လည်လွတ် မြောက်လာခဲ့ပြီး အကျဉ်းထောင်အတွင်းမှာ ၁၂၄ ရက် ကြာနေထိုင်ခဲ့ရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)ဟာ ရဲရင့်ခြင်း၊ အကျိုးသက်ရောက်မှုနဲ့ လွတ်လပ်ခြင်းစတဲ့ ဆုအမျိုးအစားသုံးခုကို ပေးအပ်မှာဖြစ်ပြီး အဲဒီအတွက် နိုင်ငံပေါင်း ၁၁နိုင်ငံက သတင်းထောက်တွေ၊ သတင်းဌာနတွေကို ဆန်ခါတင်ရွေးချယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆန်ခါတင်အဖြစ် အဆိုပြုရွေးချယ်ခံထားရတဲ့ သတင်း ထောက် ၆ ဦးအနက် ၄ဦးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ သတင်းဌာန ဒါမှမဟုတ် သတင်းထောက်အဖွဲ့အစည်း ၆ခုကိုလည်း အဆိုပြု ရွေးချယ်ထားပါတယ်။

ဆုရရှိသူတွေရဲ့အမည်စာရင်းကို လာမယ့် နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီ ၁ရက် အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၄၀ ခန့်ဟာ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပါ။ သတင်းဌာန ၉ ခုကိုလည်း ထုတ်ဝေရေးသားဖော်ပြခွင့် ပိတ်ပင်ခဲ့ပြီး အဲဒီပိတ်ပင်ခံခဲ့ရတဲ့ ၉ ခုအနက် ၇ ခုက ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။

သတင်း

ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFက ခေါ်ဆောင်သွားပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ ဖားကန့်မြို့အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်ဟာ ဒီကနေ့ မတ်လ ၁၈ရက် ညနေပိုင်းမှာပြန်လည် လွတ်မြောက် လာပြီလို့ သတင်းရရှိပါတယ်။