Connect with us

Hi, what are you looking for?

News

ထိုင်းမှာ အလုပ်လုပ်ဖို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လို့ဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၂၀၀ ကျော်ရှိနေ

နယ်စပ်ကနေ ပွဲစားတွေအကူအညီနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ရာမှာ ထိုင်းအာဏာပိုင်အဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံကြရတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်အကိုင်ရှားပါးလာတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်ရှာဖို့ တရားမဝင်နယ်စပ်ဖြတ်တဲ့အတွက် ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၁၂၀၀ ကျော်ရှိလာပါပြီ။

ဘန်ကောက်ပို့စ်မှာ ဖော်ပြထားတဲ့ သတင်တွေရဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီလဆန်းကနေ နိုဝင်ဘာလ ၇ ရက်အထိ ဖမ်းခံရသူ မြန်မာနိုင်ငံသားဦးရေဟာ ၁၂၃၂ ဦးထိရှိနေတာပါ။

နယ်စပ်ကနေ ပွဲစားတွေအကူအညီနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ရာမှာ ထိုင်းအာဏာပိုင်အဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံကြရတာဖြစ်ပါတယ်။

ဖမ်းခံရတဲ့နှုန်းကတော့ ပျမ်းမျှအားဖြင့် ၁လ ကို ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ရာကျော်ဖမ်းခံရတာပါ။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဘန်ကောက်ပို့စ်ရဲ့ ဖော်ပြချက်အရ ဖမ်းမိတဲ့ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံ ဒေသအနှံက လာရောက်ကြတဲ့သူတွေဖြစ်တာကိုတွေ့ရပါတယ်။

ဒါအပြင် သူတို့ဟာထိုင်းမှာအလုပ်ရှာပေးမယ့်ပွဲစားကို ဘတ် ၁သောင်းခွဲကနေ ၂ သောင်းခွဲအထိ ပေးရတယ်လို့သိရပါတယ်။ ဒါဟာ လက်ရှိ ငွေကြေးပေါက်ဈေးအရ မြန်မာကျပ်ငွေ ၈ သိန်းခွဲကနေ ၁၅ သိန်းလောက်ထိ ကုန်ကျတာပါ။

ဒီလိုအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့အခါ ပွဲစားတွေက ကားနဲ့ စီစဉ်ပေးတာရှိသလို အချို့ဆိုရင် လည်း နယ်စပ်တောလမ်းတွေကနေ ၂ ရက်၊ ၃ ရက်ကြာလမ်းလျှောက်ရတာတွေရှိနေပါတယ်။

ဒါပေမယ့် လမ်းခရီးမှာတင် ထိုင်းအာဏာပိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးတာကိုခံရတာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော်ပါတဲ့ ကားဟာ တိမ်းမှောက်လို့ ၃ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ယာဉ်မောင်းဟာ လူနာတင်ကားခေါ်မယ်လို့အကြောင်းပြကာ သူတို့ကို ရာဘာစိုက်ခင်းထဲမှာ စွန့်ပစ်ထားခဲ့တဲ့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။

လာမယ့်ဒီဇင်ဘာလထဲမှာတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက MOU နဲ့ ရွှေပြောင်းလုပ်သား ၈၀၀၀ လောက်ကိုခေါ်ယူဖို့ရှိတယ်လို့သိရပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် စည်းမျည်းစည်းကမ်းတွေတင်းကြပ်ထားတာကြောင့် ထိုင်းမှာ လာရောက်လုပ်ကိုင်ဖို့ဟာ အရင်ကလောက်မလွယ်ကူတဲ့အကြောင်း မဲဆောက်မြို့က ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံဦးမျိုးကျော်က ကပြောပြပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်တလျှောက် ထိုင်းအာဏာပိုင်တွေက အရင်ကထက် ပိုမိုတင်းကြပ်ထားတယ်လို့သိရပါတယ်။

ကိုးကား- ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။