Connect with us

Hi, what are you looking for?

News

တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အတတ်နိုင်ဆုံးထိန်းချုပ်ဆောင်ရွက်ဖို့ စစ်တပ်ကို ကုလလုံခြုံရေးကောင်စီတောင်းဆို

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးသဘောတူထုတ်ပြန်တဲ့ ရှားရှားပါးပါးကြေညာချက်မှာ အဲဒီလိုတောင်းဆိုခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းမြင့်တက်နေတဲ့အကြမ်းဖက်မှုတွေအပေါ် လွန်စွာစိုး ရိမ်တယ်လို့လည်း ဖော်ပြပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အတတ်နိုင်ဆုံးထိန်းချုပ်ဆောင်ရွက်ဖို့ စစ်တပ်ကို တောင်းဆိုကြောင်း မနေ့က (နိုဝင်ဘာ ၁၀ရက်) ထုတ်ပြန်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးသဘောတူထုတ်ပြန်တဲ့ ရှားရှားပါးပါးကြေညာချက်မှာ အဲဒီလိုတောင်းဆိုခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းမြင့်တက်နေတဲ့အကြမ်းဖက်မှုတွေအပေါ် လွန်စွာစိုး ရိမ်တယ်လို့လည်း ဖော်ပြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်စွာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကို ဗြိတိန်ရဲ့ကမကထပြုမှုနဲ့အတူ လုံခြုံရေးကောင်စီက ခေါ်ယူကျင်းပခဲ့အပြီးမှာ အခုလို ကောင်စီရဲ့ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။

“လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ နိုင်ငံတဝန်း ပိုမိုဖြစ်ပွားလာတဲ့ မကြာသေးမီက အကြမ်းဖက်မှုတွေကို လွန်စွာစိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖယ်ရှားပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ကာ ချင်းပြည်နယ်မှာ လက်နက်ကြီးနဲ့ အင်အားတိုးချဲ့တဲ့တပ်နေရာချထားမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စစ်အုပ်ချုပ်ရေးကို ရှေ့တန်းကနေ ဆန့်ကျင်ဖိဆန်တဲ့ မတည်ငြိမ်တဲ့နယ်စပ်ဒေသဖြစ်လာတဲ့ ချင်းပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီကတော့ မှတ်ချက်မပေးပါဘူး။

စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံဟာ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့လုံးချာလည်နေပြီး စစ်ကောင် စီဟာ အုပ်ချုပ်ဖို့ ရုန်းကန်နေရကာ စင်ပြိုင်အစိုးရနဲ့မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်း သားလူနည်းစုတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင်ဆန့်ကျင် ခုခံမှုကို ရင်ဆိုင်နေရပါတယ်။

“လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် အကူအညီလိုအပ်နေတဲ့ပြည်သူတွေအားလုံးထံ ပြည့်၀၊လုံခြုံပြီး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လူသားချင်းစာနာမှုတွေကို ခွင့်ပြုပေးဖို့နဲ့ လူသားချင်းစာနာမှုပေးသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကာကွယ်ရေး၊ ဘေးကင်းရေး၊ လုံခြုံရေးရှိစေဖို့လည်း ကောင်စီက တောင်းဆိုပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook