Connect with us

Hi, what are you looking for?

News

ဗဟိုဘဏ်က ​ဒေါ်လာ​​စျေးထိန်းချုပ်ပြီး​နောက် ​မှောင်ခို​စျေးတွင်သာ အ​ရောင်းအဝယ်ဖြစ်​နေ

“အခုတော့ ဒီဈေးနှုန်းနဲ့ လာရောင်းတဲ့သူသိပ်မရှိဘူး။ ပြန်ရောင်းဖို့လဲ မရှိဘူးဖြစ်နေတယ်”ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်ပြီးနောက် ဈေးကွက်အတွင်း ဒေါ်လာဝယ်ယူ၍မရတော့ပဲ မှောင်ခိုဈေးကွက်တွင်သာ အရောင်း၊အဝယ်ဖြစ်နေကြောင်း ငွေလဲကောင် တာပိုင်ရှင်နှင့် လုပ်ငန်းရှင်များက ​ပြောသည်။

အကြမ်းဖက်စစ်အုပ်စု၏ ဗဟိုဘဏ်က ဒေါ်လာရောင်းချရာတွင် ၎င်းတို့သတ်မှတ်နှုန်း၏ ၀ ဒသမ ၅ ရာခိုင်နှုန်း ခွာ၍သာ အရောင်းအဝယ်ပြုလုပ်ရမည်ဟု နိုဝင်ဘာ ၉ရက်က သတ်မှတ်ခဲ့ပြီးနောက် ယခုလို မှောင်ခိုဈေးကွက်တွင်သာ အရောင်း၊အဝယ်ဖြစ်နေခြင်းဖြစ်သည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

ယ​နေ့(နိုဝင်ဘာ ၁၁ ရက်) ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ၁,၉၂၀ကျပ် အထိပေါက်ဈေးဖြစ်နေချိန်တွင် ငွေလဲကောင်တာများက ၁,၇၇၅ ကျပ်သာ ဈေးဖွင့်ထားသည်။

လက်ရှိတွင် ငွေလဲကောင်များတွင် ဒေါ်လာကို အဝယ်သာလက်ခံပြီး ပြန်ရောင်းရန်မရှိကြောင်းဟု ငွေလဲကောင်တာများက ပြောသည်။

Public Service Announcement

Public Service Announcement

“အခုတော့ ဒီဈေးနှုန်းနဲ့ လာရောင်းတဲ့သူသိပ်မရှိဘူး။ ပြန်ရောင်းဖို့လဲ မရှိဘူးဖြစ်နေတယ်”ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဒေါ်လာရောင်းဝယ်သူများသည် အချင်းချင်းချိတ်ဆက် ၍သာ အရောင်းအဝယ်လုပ်နေသည်ဟု ၎င်းကဆိုသည်။

“ဈေးကွက်ထဲမှာ ၂,၀၀၀ တန်ကို ၁,၇၀၀နဲ့ ရောင်းရမယ်လို့ အမိန့်ထုတ်လိုက်တိုင်း ဈေးနှုန်းက အမှန်တကယ် ကျသွားတာမှာ မဟုတ်တာ။ သူတို့ထုတ်တဲ့ အမိန့်က လူထုကို အနိုင်ကျင့်ဖို့ပဲ လုပ်နေတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပို့ကုန်ရငွေများ ပြန်ဝင်လာချိန်တွင် ဒေါ်လာဈေးကို ယခုကို ဆွဲချခြင်းသည့် လုပ်ငန်းရှင်များကို အဓမ္မအနိုင်ကျင့်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ငွေလဲကောင်တာများက ဒေါ်လာဈေးကို ဈေးနှိမ့်ဖွင့်လှစ်ထားသော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားကို ကျပ် ၁၈သိန်းဝန်းကျင် ရှိနေဆဲဖြစ်သည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ကျဆင်းရန် အောက်ဈေးဖြင့် ဖွင့်လှစ်နေပြီး နိုဝသ်ဘာ ၁၁ ရက်တွင် ၁၇၈၆၀၀၀ကျပ်ဈေးဖွင့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခရိုနီ ဦးတေဇနဲ့ သားဖြစ်သူကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေ မလိုက်နာဘဲ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဘဏ်များကို ရောင်းချခိုင်းပြီး ကျန် ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဈေးကွက်ငွေလဲနှုန်းအတိုင်း ရောင်းချခိုင်းထားသည်။

သတင်း

ဒီဇင်ဘာ ၅ ရက်တွင် မျှော်မှန်းပမာဏ ပြည့်မီရန် ဒေါ်လာ တစ်သန်းကျော် လိုအပ်​နေချိန်တွင် တစ်ဦးတည်းဖြင့် ဒေါ်လာသုံးသိန်း နှင့် ဒေါ်လာတစ်သိန်းဖိုးဝယ်ယူသူများရှိခဲ့​ကြောင်းသိရသည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။