Connect with us

Hi, what are you looking for?

သတင်း

သွင်းကုန်အခွန် ဒေါ်လာသတ်မှတ်နှုန်းပြောင်းမည်ဟု စစ်ကောင်စီဆို

စစ်ကောင်စီက ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဘဏ်များကို ရောင်းချခိုင်းပြီး ကျန် ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဈေးကွက်ငွေလဲနှုန်းအတိုင်း ရောင်းချခိုင်းထားသည်။

(သွင်းကုန်များအ​ပေါ် ​ကောက်ခံ​သောအခွန်​​ဒေါ်လာဈေး ​ပြောင်းလဲသတ်မှတ်မှုမှာ ပြည်ပမှတင်သွင်း​​ရောင်းချရ​သော စက်သုံးဆီ​ဈေးနှုန်းများကိုလည်းရိုက်ခတ်မှုရှိမည်ဖြစ်သည်။ဓါတ်ပုံ-CJ)
(သွင်းကုန်များအ​ပေါ် ​ကောက်ခံ​သောအခွန်​​ဒေါ်လာဈေး ​ပြောင်းလဲသတ်မှတ်မှုမှာ ပြည်ပမှတင်သွင်း​​ရောင်းချရ​သော စက်သုံးဆီ​ဈေးနှုန်းများကိုလည်းရိုက်ခတ်မှုရှိမည်ဖြစ်သည်။ဓါတ်ပုံ-CJ)

■သွင်းကုန်ဈေးနှုန်းများ ပိုကြီးလာ​တော့မည်ဟု လုပ်ငန်းရှင်များ​ပြော

တာရာ/People’s Spring

စစ်ကောင်စီက သွင်းကုန်များကို အခွန်ကောက်ရာတွင် ယခင်သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ အစား ဗဟိုဘဏ်သတ်မှတ်ထားသည့် ဈေးကွက်ပေါက်ဈေးအတိုင်းပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ထိုသို့ငွေလဲနှုန်း တိုးမြင့်လိုက်ခြင်းကို ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ ရက်စတင်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် သွင်းကုန်ဈေးနှုန်းများ ​ဈေးပိုကြီးမားလာမည်ဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းရှင်များကပြောသည်။

“ဒီပုံစံနဲ့ဆိုသွင်းကုန်တွေကဈေးနှုန်း နှစ်ဆလောက်တက်သွားလိမ့်မယ်။ ပို့ကုန်ရငွေကိုလည်း အရင်လို ၂၁၀၀ (ကျပ်) မဟုတ်ဘဲ။ ဈေးကွက်ပေါက်ဈေးအတိုင်း လဲပေးရင်တော့ နည်းနည်းသက်သာလိမ့်မယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ဗဟိုဘဏ်က ရည်ညွန်းဈေးတစ်ဒါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဈေးကွက်ငွေလဲနှုန်းက တစ်ဒေါ်လာ ၃၆၀၀ ကျပ် နှုန်းရှိသည်ဟု စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားသည်။သို့​သော် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ၄၅၃၀ကျပ် ပေါက်ဈေးရှိနေသည်။

“သွင်းကုန်တွေက အခုချိန်မှာ သယ်ယူစရိတ်နဲ့ ငွေလဲနှုန်း မတည်ငြိမ်တာတွေကြောင့် ဈေးကြီးမြင့်နေတဲ့ အချိန်မှာ အခုလို သတ်မှတ်တာ ဈေးကွက်ထဲမှာ ကုန်ဈေးနှုန်း ကြီးတာကို အရှိန်တွင်းတင်ပေးလိုက်တာပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဘဏ်များကို ရောင်းချခိုင်းပြီး ကျန် ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဈေးကွက်ငွေလဲနှုန်းအတိုင်း ရောင်းချခိုင်းထားသည်။

စစ်​ကောင်စီက ​ဒေါ်လာနှင့် နိုင်ငံခြား​ငွေ အကုန်နည်း​စေရန် ဆိုကာ ပြည်ပ မှ ​ဆေးဝါး အပါအဝင် သွင်းကုန်များကို ကန့်သတ်ထား၍ ပြည်တွင်း၌ သွင်းကုန်ပစ္စည်းများ ရှားပါးပြတ်လတ်၊​ဈေးကြီးမှုကြုံ​နေရ​ကြောင်း ပြည်သူများက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook