Connect with us

Hi, what are you looking for?

News

၁၂ဦးမြောက်ကျဆုံးသည့် KNDF ရဲဘော်၏ နာရေး

ယမန်နေ့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်အပါအဝင် စစ်အာဏာရှင်ကို ခုခံတော်လှန်သည့် တိုက်ပွဲများ၌ ကျဆုံးခဲ့သည့် KNDF ရဲဘော် ၁၂ဦးရှိပြီဖြစ်ကြောင်း ၎င်း ကဆိုသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့(KNDF/KA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် KNDF ရဲဘော်တစ်ဦး၏ နာရေးကို ဒီးမော့ဆိုမြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည်။

ယမန်နေ့ (နိုဝင်ဘာ ၁၁ရက်)က ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနှင့် ပဒုံငံကျေးရွာကြား၌ ၄နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်မှ ၂၀ဦးသေဆုံးပြီး KNDF တပ်သားတစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကျဆုံးရဲဘော်၏ ရုပ်အလောင်းကို ယနေ့ မြေမြုပ်သင်္ဂြိုလ်ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)မှ တပ်ဖွဲ့ဝင် အများအပြား လိုက်ပါ ပို့ဆောင်ခဲ့သည်။

“ ကျွန်တော်တို့ PDF၊ KNDF ရဲဘော်တွေ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်တိုက်ပွဲမှာပဲ ကျကျ ကျွန်တော်တို့က ရုပ်အလောင်းကိုရအောင်တော့ ပြန်ယူတယ်။ ကျွန်တော်တို့မှာ ရှိတဲ့အချိန်နဲ့ သိုက်သိုက် မြိုက်မြိုက် မဖြစ်ရင် တောင်မှ ဂုဏ်သိက္ခာရှိရှိနဲ့ ကျွန်တော်တို့ သူတို့အပေါ်မှာ ထားတဲ့ တန်ဖိုး၊ မိသားစုတွေအပေါ်မှာ ထားတဲ့ တန်ဖိုးကို ပြသတဲ့အနေနဲ့ ကျသွားတဲ့ ရဲဘော်ကိုလည်း အာဇာနည်အဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီလိုလုပ်တာပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်အပါအဝင် စစ်အာဏာရှင်ကို ခုခံတော်လှန်သည့် တိုက်ပွဲများ၌ ကျဆုံးခဲ့သည့် KNDF ရဲဘော် ၁၂ဦးရှိပြီဖြစ်ကြောင်း ၎င်း ကဆိုသည်။

အခြားသော ကရင်နီတပ်မတော်(KA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့များမှ ရဲဘော်အချို့လည်း ကရင်နီဒေသ တိုက်ပွဲများ၌ ကျဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

Facebook