Connect with us

Hi, what are you looking for?

News

ထားဝယ်-မြိတ်အ​ဝေး​ပြေးလမ်း​ပေါ် ရဲကားတစ်စီး တိုက်ခိုက်ခံရ ရဲရှစ်​ယောက်ဒဏ်ရာရ

“မိုင်းခွဲခံရလို့ ရွာတွေဘက်ကို တစ်နာရီကျော်လောက် သေနတ်တွေ လိုက်ပစ်နေတယ်၊ လုပ်တဲ့သူတွေကိုတော့ မမီလိုက်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်း ထားဝယ်-မြိတ်အဝေးပြေးကားလမ်း
ပေါ်တွင်စစ်​ကောင်စီ၏ ရဲကားတစ်စီးယ​နေ့( နိုဝင်ဘာ ၁၃ ရက်) မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီးရဲ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲ နဲ့ ကတွဲရွာကြားတွင် ယနေ့ မနက် ၁၀နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၈ယောက် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအချို့က​ပြောသည်။ ထိုအပြင် မိုင်းခွဲတိုက်ခိုက်မူကြောင့် ရဲတပ်သားတစ်ဦးသေဆုံးသည်ဟု ဆိုသော်လည်း People’s Spring ကသီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ ထိုတိုက်ခိုက်မူကို မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်သည်ဟုလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

“မိုင်းခွဲခံရလို့ ရွာတွေဘက်ကို တစ်နာရီကျော်လောက် သေနတ်တွေ လိုက်ပစ်နေတယ်၊ လုပ်တဲ့သူတွေကိုတော့ မမီလိုက်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ ရဲကားတိုက်ခိုက်ခံရပြီး ရဲများက လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးများ ပြုလုပ်သည်ဟုလည်း ဒေသခံများကဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအတူ ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊ ကျောက်နီမော်ရွာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဥ်တစ်စီးကို လောင်းလုံမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က
နိုဝင်ဘာ ၁၂ ရက် ည ၆ နာရီခန့်ကမိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

လောင်းလုံမြို့တွင် ပြုလုပ်သည့် ဒေသခံ ပျူစောထီးအစည်းအဝေးကို တက်ရောက်ရန် ပျူးစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ အဆိုပါယာဉ်တွင်လိုက်ပါလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ထိုမိုင်းခွဲတိုက်ခိုက်မူကြောင့် ဒဏ်ရာရရှိမူများရှိသော်လည်း သေဆုံးသူမရှိကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်မှာ သင်္ကြန်အကျနေ့ (ဧပြီ၁၄)က ‌ဆိုင်ကယ်ရေဆေးတဲ့ Gunနဲ့ရေကစားစဥ် (၁၆)နှစ်အရွယ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။