Connect with us

Hi, what are you looking for?

News

ထားဝယ်-မြိတ်အ​ဝေး​ပြေးလမ်း​ပေါ် ရဲကားတစ်စီး တိုက်ခိုက်ခံရ ရဲရှစ်​ယောက်ဒဏ်ရာရ

“မိုင်းခွဲခံရလို့ ရွာတွေဘက်ကို တစ်နာရီကျော်လောက် သေနတ်တွေ လိုက်ပစ်နေတယ်၊ လုပ်တဲ့သူတွေကိုတော့ မမီလိုက်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်း ထားဝယ်-မြိတ်အဝေးပြေးကားလမ်း
ပေါ်တွင်စစ်​ကောင်စီ၏ ရဲကားတစ်စီးယ​နေ့( နိုဝင်ဘာ ၁၃ ရက်) မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီးရဲ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲ နဲ့ ကတွဲရွာကြားတွင် ယနေ့ မနက် ၁၀နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၈ယောက် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအချို့က​ပြောသည်။ ထိုအပြင် မိုင်းခွဲတိုက်ခိုက်မူကြောင့် ရဲတပ်သားတစ်ဦးသေဆုံးသည်ဟု ဆိုသော်လည်း People’s Spring ကသီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ ထိုတိုက်ခိုက်မူကို မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်သည်ဟုလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

“မိုင်းခွဲခံရလို့ ရွာတွေဘက်ကို တစ်နာရီကျော်လောက် သေနတ်တွေ လိုက်ပစ်နေတယ်၊ လုပ်တဲ့သူတွေကိုတော့ မမီလိုက်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ ရဲကားတိုက်ခိုက်ခံရပြီး ရဲများက လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးများ ပြုလုပ်သည်ဟုလည်း ဒေသခံများကဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအတူ ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊ ကျောက်နီမော်ရွာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဥ်တစ်စီးကို လောင်းလုံမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က
နိုဝင်ဘာ ၁၂ ရက် ည ၆ နာရီခန့်ကမိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

လောင်းလုံမြို့တွင် ပြုလုပ်သည့် ဒေသခံ ပျူစောထီးအစည်းအဝေးကို တက်ရောက်ရန် ပျူးစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ အဆိုပါယာဉ်တွင်လိုက်ပါလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ထိုမိုင်းခွဲတိုက်ခိုက်မူကြောင့် ဒဏ်ရာရရှိမူများရှိသော်လည်း သေဆုံးသူမရှိကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။