Connect with us

Hi, what are you looking for?

News

PDFအမည်ခံ ခြိမ်း​ခြောက်​ငွေ​တောင်း​နေသည့်အဖွဲ့ကို စုံစမ်း အ​ရေးယူမည်ဟု က​လေးPDF ထုတ်ပြန်

“ခြိမ်းခြောက်တဲ့ သူတွေကလဲ စာအရေးအသားကိုကြည့်ပြီး PDFတွေလုပ်တာမဟုတ်ဘူးလို့ မြိုခံတွေ့က သိလို အခုလိုတိုင်ကတာပဲ။ PDFတွေက ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ လူထုက ယုံကြည်ကြတာလို့”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

PDFအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံနေသည့်အဖွဲ့ကို အရေးယူပေးရန် ကလေးမြို့ခံများက တိုင်ကြားလာခြင်းကြောင့် အရေးယူရန် စုံစမ်းစစ်ဆေးနေကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့- PDF(ကလေး)က ယ​နေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ထုတ်ပြန်သည်။

PDFလူငယ်ဟု အမည်တပ်ထားသည့် အဖွဲ့တစ်ခုက ကလေးမြို့ခံများထံ အလှူခံစာအမည်ဖြင့် ခြိမ်းခြောက်ငွေတောင်းနေပြီး ထိုသို့လုပ်ဆောင်သူများကို ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း PDF (ကလေး)က ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုသို့အများပြည်သူအပေါ် နိုင်ထက်စီးနင်းပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုလည်း လုံးဝသီးခံခွင့်လွှတ်မည်မဟုတ်ဟုလည်း PDF(ကလေး)က ထုတ်ပြန်ထားသည်။ ၎င်းတို့သည် ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နိုင်ရန်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု လည်းဆိုသည်။

“ခြိမ်းခြောက်တဲ့ သူတွေကလဲ စာအရေးအသားကိုကြည့်ပြီး PDFတွေလုပ်တာမဟုတ်ဘူးလို့ မြိုခံတွေ့က သိလို အခုလိုတိုင်ကတာပဲ။ PDFတွေက ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ လူထုက ယုံကြည်ကြတာလို့”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

PDF(ကလေး)သည် ကလေးဒေသအတွင်း ရာဇဝတ်မှုများနှင့် လက်နက်ကိုင်ဗိုလ်ကျမှုများကိုလည်း ဒေသခံများက PDF(ကလေး)ထံတိုင်ကြားပြီး လူထုထောက်ခံမှုမြင့်တက်နေသည်ဟု ၎င်းကဆိုသည်။

PDF(ကလေး)သည် စက်တင်ဘာ ၂၆ ရက်ကလည်း ဒေသတွင်း PDFအမည်ခံပြီး လူထုအပေါ် အနိုင်ကျင့်နေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကိုလည်း တိုက်ခိုက်နှိမ်နင်းခဲ့သေးသည်။

ထိုအဖွဲ့သည် ကလေးမြို့နယ်တောင်ပိုင်း တင်သား၊ ဒိုးနွယ်၊ အင်းကျွန်း၊ ကျောက်ပြုတ်၊ ကုက္ကိုလ် စသည့် ကျေးရွာအုပ်စုနယ်မြေများတွင် လှုပ်ရှားနေခြင်းဖြစ်ပြီး ၎င်းတို့က ဒလန်ရှင်းလင်းရေးအဖွဲ့ဟု အမည်ခံထားခြင်းလည်းဖြစ်သည်။

၎င်းတို့ စခန်းကို ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းရမိသည့် ရွှေ၊ ငွေ၊ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများကိုလည်း ကျေးရွာကိုယ်စားလှယ်များမှတစ်ဆင့် ကော်မတီဖွဲ့ပြီး ပြန်လည်ပေးအပ်စေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။