Connect with us

Hi, what are you looking for?

News

မထောဒေသတိုက်ပွဲ၌ တပ်ရင်းမှူးအပါအဝင်စစ်ကောင်စီတပ်မှ ၃၀ခန့်သေဟု KNU တပ်မဟာ(၅) ထုတ်ပြန်

မထောက်ဒေသ၌ နိုဝင်ဘာ ၁၂ရက် တွင်တိုက်ပွဲ ဆက် လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးအပါအဝင် ၁၄ဦးသေဆုံးပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် မထောကျေးရွာ တွင် တိုက်ပွဲ ၂ရက်ဆက် ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၂၈ဦးသေဆုံးပြီး ၅၄ဦး ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ၎င်း၏ လက်ပါး စေ BGF တပ်များက KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်း နယ်မြေ ထိန်းချုပ်စိုးမိုးရန်အင်အားဖြည့်တင်းလာ၍ နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်တွင် မထောဒေသ၌ ရက်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၁ရက်တွင် မထောကျေးရွာအုပ်စု တောင်သုံးလုံးဒေသအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တစ်ရက်အတွင်း ရင်ဆိုင်တိုက်ပွဲကြီး ၅ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၄ဦး သေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

မထောက်ဒေသ၌ နိုဝင်ဘာ ၁၂ရက် တွင်တိုက်ပွဲ ဆက် လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးအပါအဝင် ၁၄ဦးသေဆုံးပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၂ရက်တွင် KNU တပ်မဟာ(၅)နယ်မြေ၏ အခြားဒေသများ၌လည်း စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဘောကျိုထာ့ ဒေသ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက် စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် ခေါပုတ်ဒေသ၌ ရိက္ခာ သယ်ယူပို့ဆောင်နေသည့် မြင်းလားတပ်အား တိုက်ခိုက်ရာမြင်း ၆ကောင်သေဆုံးပြီး ၂ကောင်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယခုနိုဝင်ဘာလအတွင်း KNU တပ်မဟာ(၅)၊ တပ်မဟာ (၁)နှင့် တပ်မဟာ(၂)နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ အဆိုပါ တပ်မဟာ သုံးခုနယ်မြေတွင် တိုက်ပွဲ ၉၀ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။