Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာတွင် စစ်​ကောင်စီ၏ဒုအရာခံဗိုလ်တစ်ဦးနှင့်​ထောက်လှမ်း​ရေးတစ်ဦးအသတ်ခံရ

“ဘုရားကြီးနားမှာ ပစ်ခတ်ခံရတဲ့ကိစ္စကို ဘုရားကြီးအနီးတဝိုက်မှာရှိတဲ့ CCTV တွေကို ကြည့်ပြီး ရှာနေတယ်”ဟု မုံရွာဒေသခံတစ်ဦးက ​ပြောသည်။

(ဓါတ်ပုံ-ပစ်ခတ်ခံရသော အရပ်ဝတ်ဖြင့် ဒုအရာခံဗိုလ်)

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့တစ်ရက်တည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒုအရာခံဗိုလ်တစ်ဦးနှင့်
စစ်တပ်ထောက်လှမ်းရေးတစ်ဦးတို့ အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့( နိုဝင်ဘာ၁၆ရက်နေ့) နံနက်၁၀နာရီဝန်းကျင်ခန့်က မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးတွင် အရပ်ဝတ်အမျိုးသားတစ်ဦးအား အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများက ​ပြောသည်။

အဆိုပါအမျိုးသားသည် နမခတပ်အတွင်းစတုဒိသာ ကျွေးမွေးရန်အတွက် လာဝယ်သော ဒုအရာခံဗိုလ်၂ဦးအနက် တစ်ဦးဖြစ်ပြီး ၎င်းကိုအထူး​​ဒေသ​တိုက်ခိုက်​​ရေးတပ်ဖွဲ့(မုံရွာ)မှ သေနတ်ဖြင့်ခေါင်းတေ့ပစ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Special Regional Attacks Forces-MWAက အသိပေးသည်။

ထို့အပြင် မွန်းလွဲပိုင်းအနီးတွင်လည်း နံနက်ပိုင်းက အခင်းဖြစ်ပွားရာ ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားအနီးတွင် စစ်တပ်ထောက်လှမ်းရေးအမျိုးသားတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း Regional News Agency ကဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဘုရားကြီးနားမှာ ပစ်ခတ်ခံရတဲ့ကိစ္စကို ဘုရားကြီးအနီးတဝိုက်မှာရှိတဲ့ CCTV တွေကို ကြည့်ပြီး ရှာနေတယ်”ဟု မုံရွာဒေသခံတစ်ဦးက ​ပြောသည်။

မုံရွာမြို့တွင် စစ်ကောင်စီ၏ ငွေစီးဆင်းမှုတစ်ခုဖြစ်သော လျှပ်စစ်မီတာခများမဆောင်ကြရန်၊လျှပ်စစ်ဌာနအနီးနားတွင် မိဘပြည်သူများ ဖြတ်သွားခြင်းမပြုကြရန်နှင့်ကျန်းမာရေးနာရေးကိစ္စမှလွဲ၍ အိမ်စီးကားများအသုံးမပြုကြရန် Monywa Heroes Groupအဖွဲ့မှလည်း ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။