Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီ၏ဒုအရာခံဗိုလ်တစ်ဦးနှင့်​ထောက်လှမ်း​ရေးတစ်ဦးအသတ်ခံရ

“ဘုရားကြီးနားမှာ ပစ်ခတ်ခံရတဲ့ကိစ္စကို ဘုရားကြီးအနီးတဝိုက်မှာရှိတဲ့ CCTV တွေကို ကြည့်ပြီး ရှာနေတယ်”ဟု မုံရွာဒေသခံတစ်ဦးက ​ပြောသည်။

(ဓါတ်ပုံ-ပစ်ခတ်ခံရသော အရပ်ဝတ်ဖြင့် ဒုအရာခံဗိုလ်)

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့တစ်ရက်တည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒုအရာခံဗိုလ်တစ်ဦးနှင့်
စစ်တပ်ထောက်လှမ်းရေးတစ်ဦးတို့ အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့( နိုဝင်ဘာ၁၆ရက်နေ့) နံနက်၁၀နာရီဝန်းကျင်ခန့်က မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးတွင် အရပ်ဝတ်အမျိုးသားတစ်ဦးအား အဖွဲ့တစ်ခုမှ လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများက ​ပြောသည်။

အဆိုပါအမျိုးသားသည် နမခတပ်အတွင်းစတုဒိသာ ကျွေးမွေးရန်အတွက် လာဝယ်သော ဒုအရာခံဗိုလ်၂ဦးအနက် တစ်ဦးဖြစ်ပြီး ၎င်းကိုအထူး​​ဒေသ​တိုက်ခိုက်​​ရေးတပ်ဖွဲ့(မုံရွာ)မှ သေနတ်ဖြင့်ခေါင်းတေ့ပစ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Special Regional Attacks Forces-MWAက အသိပေးသည်။

ထို့အပြင် မွန်းလွဲပိုင်းအနီးတွင်လည်း နံနက်ပိုင်းက အခင်းဖြစ်ပွားရာ ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားအနီးတွင် စစ်တပ်ထောက်လှမ်းရေးအမျိုးသားတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း Regional News Agency ကဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဘုရားကြီးနားမှာ ပစ်ခတ်ခံရတဲ့ကိစ္စကို ဘုရားကြီးအနီးတဝိုက်မှာရှိတဲ့ CCTV တွေကို ကြည့်ပြီး ရှာနေတယ်”ဟု မုံရွာဒေသခံတစ်ဦးက ​ပြောသည်။

မုံရွာမြို့တွင် စစ်ကောင်စီ၏ ငွေစီးဆင်းမှုတစ်ခုဖြစ်သော လျှပ်စစ်မီတာခများမဆောင်ကြရန်၊လျှပ်စစ်ဌာနအနီးနားတွင် မိဘပြည်သူများ ဖြတ်သွားခြင်းမပြုကြရန်နှင့်ကျန်းမာရေးနာရေးကိစ္စမှလွဲ၍ အိမ်စီးကားများအသုံးမပြုကြရန် Monywa Heroes Groupအဖွဲ့မှလည်း ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook