Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးခန့်​သေနိုင်ဟု ARA မှ ဗိုလ်​ပေါက်စီ​ပြော

ယမန်နေ့ကလည်း နောင်ကြီးအိုင်ရဲစခန်းသို့လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုမှာ ရဲစခန်းရှေ့တွင်ပင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးဒဏ်ရာရနိုင်သည်ဟု ARA က အတည်ပြုထားသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားတစ်စီးကို အရာတော်မြောက်နယ် နောင်ကြီးအိုင်ရွာအထွက်တွင် မိုင်းဆွဲခဲ့ကြောင်း အရာတော််မြို့နယ်တော်လှန်ရေးအင်အားစု (ARA)က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ၁၆ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားတစ်စီးကို အရာတော်မြောက်နယ် နောင်ကြီးအိုင်ကျေးရွာအထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်သည်ဟု ARA မှ ဗိုလ်ပေါက်စီက ​ပြောသည်။

“ထန်းတောကုန်းဘက်ကိုသွားမယ့် စစ်ကားဖြစ်ပါတယ်။နောင်ကြီးအိုင်နဲ့ ထန်းတောကုန်းကြားမှာ တိုက်ခိုက်ခဲ့တာ။ကားရှေ့ခေါင်းတစ်ခုလုံး ကြေမွစုတ်ပြတ်သွားတာမို့ မြရိပ်စစ်တပ်က ကားတစ်စီးရောက်လာပြီး ကားအပျက်ကို ကြိုးနဲ့လာဆွဲသွားတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့ကလည်း နောင်ကြီးအိုင်ရဲစခန်းသို့လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုမှာ ရဲစခန်းရှေ့တွင်ပင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးဒဏ်ရာရနိုင်သည်ဟု ARA က အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း အရာတော်- မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများပါ မိုင်းထိခဲ့သည်။

အရာတော်မြို့နယ်သည် စစ်အာဏာရှင်တော်လှန် ခုခံ ​တော်လှန်မှုအားကောင်းသော​ဒေသဖြစ်သည်။ထို့ကြောင့် စစ်ကောင်စီတပ်များမကြာခဏ မိုင်းဆွဲခံနေရပြီး သေဆုံးဒဏ်ရာရရှိသူလည်း အများအပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook