Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးခန့်​သေနိုင်ဟု ARA မှ ဗိုလ်​ပေါက်စီ​ပြော

ယမန်နေ့ကလည်း နောင်ကြီးအိုင်ရဲစခန်းသို့လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုမှာ ရဲစခန်းရှေ့တွင်ပင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးဒဏ်ရာရနိုင်သည်ဟု ARA က အတည်ပြုထားသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားတစ်စီးကို အရာတော်မြောက်နယ် နောင်ကြီးအိုင်ရွာအထွက်တွင် မိုင်းဆွဲခဲ့ကြောင်း အရာတော််မြို့နယ်တော်လှန်ရေးအင်အားစု (ARA)က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ၁၆ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားတစ်စီးကို အရာတော်မြောက်နယ် နောင်ကြီးအိုင်ကျေးရွာအထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်သည်ဟု ARA မှ ဗိုလ်ပေါက်စီက ​ပြောသည်။

“ထန်းတောကုန်းဘက်ကိုသွားမယ့် စစ်ကားဖြစ်ပါတယ်။နောင်ကြီးအိုင်နဲ့ ထန်းတောကုန်းကြားမှာ တိုက်ခိုက်ခဲ့တာ။ကားရှေ့ခေါင်းတစ်ခုလုံး ကြေမွစုတ်ပြတ်သွားတာမို့ မြရိပ်စစ်တပ်က ကားတစ်စီးရောက်လာပြီး ကားအပျက်ကို ကြိုးနဲ့လာဆွဲသွားတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့ကလည်း နောင်ကြီးအိုင်ရဲစခန်းသို့လာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုမှာ ရဲစခန်းရှေ့တွင်ပင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးဒဏ်ရာရနိုင်သည်ဟု ARA က အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း အရာတော်- မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများပါ မိုင်းထိခဲ့သည်။

အရာတော်မြို့နယ်သည် စစ်အာဏာရှင်တော်လှန် ခုခံ ​တော်လှန်မှုအားကောင်းသော​ဒေသဖြစ်သည်။ထို့ကြောင့် စစ်ကောင်စီတပ်များမကြာခဏ မိုင်းဆွဲခံနေရပြီး သေဆုံးဒဏ်ရာရရှိသူလည်း အများအပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။