Connect with us

Hi, what are you looking for?

News

၆ မိုင်ခွဲမှာ ​ပေါက်ကွဲမှု နှစ်ကြိမ်ဆက်ကြားရ

“ရှစ်မိုင်ဘက်ကကြားရတာတော့ ပြည်လမ်း စစ်ရုံးနားလောက်ကထင်ရတယ်။ အသံအကျယ်ကြီး ၂ ချက်ကြားလိုက်တယ်”ဟု ရှစ်မိုင်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့ ပြည်လမ်း ၆ မိုင်ခွဲ စီးတီးမတ်အနီး၌ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ကြောင်း ယင်းနေရာအနီး၌ နေထိုင်သူများက ပြောသည်။

“ရှစ်မိုင်ဘက်ကကြားရတာတော့ ပြည်လမ်း စစ်ရုံးနားလောက်ကထင်ရတယ်။ အသံအကျယ်ကြီး ၂ ချက်ကြားလိုက်တယ်”ဟု ရှစ်မိုင်တွင် နေထိုင်သူတစ်ဦးကပြောသည်။

နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီခွဲ အချိန်ခန့်တွင်ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၆ မိုင်ခွဲစီးတီးမတ်၏ နှစ်ခြံကျော်ရှေ့၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း Hlaing Information ၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုကြောင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း အထက်ပါဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ ကား ငါးစီး​​ဖြင့် အာဏာသိမ်းစစ်ကောင်စီ အင်အား ၃၀ ခန့်လာရောက်ကာ ပြည်လမ်းကိုပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook