Connect with us

Hi, what are you looking for?

News

မန္တလေးကျောက်ဝိုင်းအနီး ပစ်ခတ်မှုဖြစ်ပွား

“ပစ်ခတ်မှုတွေရှိလို့ ၄၁လမ်းပေါ်ကော ဆိုင်တွေအားလုံးပိတ်ထားရတယ်၊ ၄၁လမ်းအနောက်ပိုင်းကိုသွားလို့မရဘူးဖြစ်နေတယ် ၊ အပြန်အလှန်ပစ်ခတ်နေတဲ့သဘောပဲ တော်တော်ကျယ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းအနီးမှာ ဒီနေ့ ညပိုင်း ၆ နာရီခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ကျောက်ဝိုင်းအနီး ၄၁လမ်း ၈၇လမ်းမှာ ဗုံးပေါက်ကွဲမှုတွေ၊ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် ဈေးဆိုင်တွေပိတ်ထားရတယ်လို့ အဲဒီအနီးအနားက သူတွေက ပြောပါတယ်။

“ပစ်ခတ်မှုတွေရှိလို့ ၄၁လမ်းပေါ်ကော ဆိုင်တွေအားလုံးပိတ်ထားရတယ်၊ ၄၁လမ်းအနောက်ပိုင်းကိုသွားလို့မရဘူးဖြစ်နေတယ် ၊ အပြန်အလှန်ပစ်ခတ်နေတဲ့သဘောပဲ တော်တော်ကျယ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေ ကျောက်ဝိုင်းအနီးပတ်ဝန်းကျင်မှာရောက်ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။