Connect with us

Hi, what are you looking for?

News

မြန်မာဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အမေရိကန်နဲ့ ဂျပန် တွေ့ဆုံဆွေးနွေး

အမေရိကန်ဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုအားလုံးကို မယိမ်းမယိုင် ကူညီထောက်ပံ့မယ်လို့ Wendy Sherman ကအလေးထားပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာပြန်လည်ရောက်ရှိရေးအတွက် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ဆွေးနွေးခဲ့တယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mori Takeo ကို ဝါရှင်တန်မြို့တော်မှာ နိုဝင်ဘာ ၁၈ ရက်က လက်ခံတွေ့ဆုံခဲ့ရာမှာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေကို ဆွေးနွေးခဲ့တယ်လို့ ကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ထုတ်ပြန်ပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုအားလုံးကို မယိမ်းမယိုင် ကူညီထောက်ပံ့မယ်လို့ Wendy Sherman ကအလေးထားပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး အကြမ်းဖက်စစ်တပ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီအချို့၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ Sasakawa ကို အကြမ်းဖက်စစ်ကောင်စီက ဂျပန်အစိုးရအထူးကိုယ်စားလှယ်အဖြစ်လာရောက်သလို
ပုံဖော်သတင်းထုတ်ပြန်ခဲ့ပေမယ့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ Sasakawa ဟာ ဂျပန်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ဘူးလို့ တုံ့ပြန်ရှင်းလင်းထားပါတယ်။ ဂျပန်သတင်းဌာနဖြစ်တဲ့ နီကီ​အေးရှားကလည်း ဆာဆာကာဝါဟာ သူရဲ့ ပုဂ္ဂိုလ်​ရေးခရီးစဥ်လာခဲ့တာဖြစ်တယ်လို့​ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။