Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ကြီးမြို့နယ်ထဲက ​ကျေးရွာ​တွေမှာ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး

နှစ်ရက်တာအတွင်းမှာ ကျောက်ကြီးမြို့နယ်ထဲက ပတလာကျေးရွာ၊ ဟီးဖိုးဒဲကျေးရွာ၊ တောခိုကျေးရွာနဲ့ ပအောတောကျေးရွာ ၄ ရွာက ဒေသခံပြည်သူ (၁၆၈)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့က ​ပြောပါတယ်။

ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့နဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ကေအဲန်ယူ ကျောက်ကြီးမြို့နယ်ထဲက ဟီးဖိုးဒဲကျေးရွာမှာ နိုဝင်ဘာ ၁၉ ကနေ ၂၀ ရက်အထိ နှစ်ရက်တိုင်တိုင် ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တာပါ။

နှစ်ရက်တာအတွင်းမှာ ကျောက်ကြီးမြို့နယ်ထဲက ပတလာကျေးရွာ၊ ဟီးဖိုးဒဲကျေးရွာ၊ တောခိုကျေးရွာနဲ့ ပအောတောကျေးရွာ ၄ ရွာက ဒေသခံပြည်သူ (၁၆၈)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခြားသောအရပ်ဘက်အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ညောင်လေးပင်ခရိုင် အရပ်ဘက်ကရင်လူမှုရေးရာအဖွဲ့တို့ဦးဆောင်ပြီးတော့ အခုလို ဒေသခံပြည်သူတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လုပ်ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ကနေ ဦးဆောင်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လုပ်ဆောင်ပေးတာဟာ ဒုတိယအကြိမ်ဖြစ်တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ကနေ ၁၃ ရက်အထိကလည်း ကေအဲန်ယူ မုန်းမြို့နယ် ပနာဝါးပလောကျေးရွာမှာ ပထမဆုံးအကြိမ်အဖြစ် ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်ကူညီမှုတွေ လုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

သတင်း

ကျောက်ကြီးမြို့နယ်တွင် ဇွန် ၆ ရက်ကဖြစ်ပွားသည့် နတ်သံကွင်းရဲစခန်းနှင့် စစ်တောင်းမြစ်ကူးတံတားတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးထားသည်။

သတင်း

ကျောက်ကြီးမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ နတ်သံကွင်းဒေသမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်။