Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်အတွင်း ဒေသခံများ ကိုယ်တိုင် စီမံခန့်ခွဲသည့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဟု ထုတ်ပြန်

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

(လယ်ဒို​ဒေသတွင်မိုးရာသီ၌ သစ်ပင်စိုက်ပွဲ​တော်ပြုလုပ်စဥ်။ ဓါတ်ပုံ-KNU)
(လယ်ဒို​ဒေသတွင်မိုးရာသီ၌ သစ်ပင်စိုက်ပွဲ​တော်ပြုလုပ်စဥ်။ ဓါတ်ပုံ-KNU)

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ) အတွင်းရှိ ကျေးရွာများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိ ခံစားနိုင်ရန် အတွက် စိတ်အားထက်သန်စွာဖြင့် မိမိတို့ ကျေးရွာများကို မိမိဘာသာ စီမံ ခန့်ခွဲနေမှုများ လုပ်ဆောင်လျက်ရှိကြော ကရင်အရေးပေါ် လူမှုကယ်ဆယ်ရေးကော်မတီ(လယ်ဒိုကော်ဆာ ) က ထုတ်ပြန်သည်။

အဆိုပါ ကော်မတီက လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် ထုတ်ပြန်လေ့ရှိသည့် သဘောထား ထုတ်ပြန်ချက်ကို KNU ဗဟို သတင်းပြန်ကြားရေးက ယမန်နေ့တွင် ဖော်ပြအသိပေးခြင်းဖြစ်သည်။

ယခု ကာလသည် ပြည်သူလူထုများ အနေဖြင့်လူမှုဘ၀ လုံခြုံမှု ကင်းမဲ့နေလျက်ရှိကာ အကြောက်တရားဖြင့် နေ့စဉ် ရှင်သန်နေထိုင်လှုပ်ရှားနေရလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

လယ်ဒိုကော်ဆာ (ကျောက်ကြီးမြို့နယ်)အတွင်းရှိ ကျေးရွာများ တွင် ပြည်သူများမှ လက်ရှိ လုပ်ဆောင်နေသည့် ပြည်သူ့ အုပ်ချုပ်ရေး လုပ်ငန်းများကို သဘောထား အမြင် ဝေဝါး ကွဲလွဲစေသော လုပ်ငန်းများ၊ ဝင်ရောက်လုပ်ဆောင်နေမှု၊ တည်ဆောက်ရန် ကြိုးစားမှုများကို လုံး၀ လက်ခံမည် မဟုတ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ခဲ့ပြီး ပြည်သူ ဦးစီး လုပ်ဆောင်သည့် ပြည်သူ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ယန္တရားများနှင့် ပူးတွဲလုပ်ကိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

“ပြည်သူ့ ဦးစီးတဲ့ အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာတော့ ယခု လက်ရှိ အချိန်မှာတော့ ဘာပြဿနာမှ မရှိသေးပါဘူး။ ဒါတွေကို ကရင့် အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့အနေနဲ့ပြဿနာ မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

လက်ရှိ ကျောက်ကြီး ဒေသ စစ်ရေးအခြေနေမှာလည်း စစ်ကောင်စီတပ်ဘက်၏ တိုက်ခိုက်မှုများ ရင်ဆိုင်နေရကြောင်းလည်း ၄င်းက ပြောသည်။

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေး အဖွဲ့ သည် ဒေသတွင်းရှိ ပြည်သူများ၏ လူမှု ဘ၀ လုံခြုံရေးကို တက်နိုင်သည့် ဘက်မှ အစွမ်းကုန် ဖြေရှင်းနေခြင်းဖြစ်ပြီး ပြည်သူနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်သည်။ပြည်သူလူထုများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများကိုလည်း မှတ်တမ်းတင်ကာ ပြည်တွင်း ပြည်ပ နှင့် နိုင်ငံတကာ အဖွဲ့များ သိရှိ ပါဝင်လာနိုင်စေရန် ပြည်သူနှင့်အတူ ရပ်တည်ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။