မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ၊ ရတနာဘုမ္ပိအရှေ့ ရပ်ကွက် က အုပ်ချုပ်ရေးမှူးရုံးမှာ အစောင့်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒီနေ့မနက်ပိုင်း ၉ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့သိရပါတယ်။
၈၂လမ်း၊၃၆လမ်းနဲ့ ၃၇လမ်းမှာရှိတဲ့ ရပ်ကွက်ရုံးကို ပစ်ခတ်ရာမှာ အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ဟာ ဗိုက်ကို ကျည်မှန်သွားပါတယ်။
သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းလည်းမရှိဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ရတနာဘုမ္မိ အရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပစ်ခတ်တာတွေရှိခဲ့ပါသေးတယ်။

Public Service Announcement
မနေ့ကလည်း ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် ဆယ်အိမ်မှူးဟာ အကြော်ဆိုင်တွင်ထိုင်နေစဉ် နောက်စေ့ကိုသေနတ်ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။


















































