Connect with us

Hi, what are you looking for?

News

လှိုင်သာယာမြို့နယ်မှ စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးကို CGF-HTY က၄၀ မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးမှာ လှိုင်သာယာအဝေးပြေးဝင်းအနီးတည်ရှိပြီး ရန်ကုန်တိုင်းစစ်ကောင်စီမှ ဗျူဟာမှူးတစ်ဦးအထိုင်ချတပ်စွဲရာ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးဟု CGF-HTY က အတည်ပြုသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ စစ်ကောင်စီ၏စီမံခန့်ခွဲရေးရုံးကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လှိုင်သာယာမြို့ပြပြောက်ကျားတပ်
(CGF-HTY)ကယနေ့(နိုဝင်ဘာ ၂၃)ထုတ်ပြန်သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးမှာ လှိုင်သာယာအဝေးပြေးဝင်းအနီးတည်ရှိပြီး ရန်ကုန်တိုင်းစစ်ကောင်စီမှ ဗျူဟာမှူးတစ်ဦးအထိုင်ချတပ်စွဲရာ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးဟု CGF-HTY က အတည်ပြုသည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးအား တိုက်ခိုက်မှုကို ယနေ့(နိုဝင်ဘာ ၂၃) နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင်ပြုလုပ်ခဲ့ပြီး M79 Grenade launcher ဖြင့် 40 mmဗုံးသီးတစ်လုံး ပစ်ခတ်ခဲ့သည်ဟု CGF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ထိခိုက်မှုက ဗုံးသီးက သူတို့ အဲ့ဝင်းထဲက အိမ်ပေါ်ကိုကျတာခင်ဗျ။ အဲ့တော့ အဲအိမ်ထဲ စခတွေရှိမှ ထိမှာ”ဟု လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါပစ်မှတ်နေရာအား အောက်တိုဘာ ၂၂ ရက်နေ့ကတကြိမ် အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း အမှိုက်ကောက်သမား ကြောင့် စစ်ဆင်ရေး ပျက်ပြယ်ခဲ့ဖူးသည်။

လက်ရှိအခြေအနေတွင် CGF-HTY မှ လှိုင်သာမြို့နယ်အတွင် မဟူရာစစ်ဆင်ရေးဟုအမည်ပေးထားသည့် စစ်ဆင်ရေးတစ်ခုအား အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအသွားအလာ သတိပြုကြရန် ၎င်းတို့က အသိပေးထားသည်။

လှိုင်သာယာမြို့နယ်အတွင်း ယမန်နေ့(နိုဝင်ဘာ ၂၂)ကလည်း နေရာ ၅ နေရာ၌ ပေါက်ကွဲမှုများဖြစ် ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook