Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာမြို့နယ်မှ စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးကို CGF-HTY က၄၀ မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးမှာ လှိုင်သာယာအဝေးပြေးဝင်းအနီးတည်ရှိပြီး ရန်ကုန်တိုင်းစစ်ကောင်စီမှ ဗျူဟာမှူးတစ်ဦးအထိုင်ချတပ်စွဲရာ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးဟု CGF-HTY က အတည်ပြုသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ စစ်ကောင်စီ၏စီမံခန့်ခွဲရေးရုံးကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လှိုင်သာယာမြို့ပြပြောက်ကျားတပ်
(CGF-HTY)ကယနေ့(နိုဝင်ဘာ ၂၃)ထုတ်ပြန်သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးမှာ လှိုင်သာယာအဝေးပြေးဝင်းအနီးတည်ရှိပြီး ရန်ကုန်တိုင်းစစ်ကောင်စီမှ ဗျူဟာမှူးတစ်ဦးအထိုင်ချတပ်စွဲရာ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးဟု CGF-HTY က အတည်ပြုသည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲရေးရုံးအား တိုက်ခိုက်မှုကို ယနေ့(နိုဝင်ဘာ ၂၃) နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင်ပြုလုပ်ခဲ့ပြီး M79 Grenade launcher ဖြင့် 40 mmဗုံးသီးတစ်လုံး ပစ်ခတ်ခဲ့သည်ဟု CGF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ထိခိုက်မှုက ဗုံးသီးက သူတို့ အဲ့ဝင်းထဲက အိမ်ပေါ်ကိုကျတာခင်ဗျ။ အဲ့တော့ အဲအိမ်ထဲ စခတွေရှိမှ ထိမှာ”ဟု လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါပစ်မှတ်နေရာအား အောက်တိုဘာ ၂၂ ရက်နေ့ကတကြိမ် အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း အမှိုက်ကောက်သမား ကြောင့် စစ်ဆင်ရေး ပျက်ပြယ်ခဲ့ဖူးသည်။

လက်ရှိအခြေအနေတွင် CGF-HTY မှ လှိုင်သာမြို့နယ်အတွင် မဟူရာစစ်ဆင်ရေးဟုအမည်ပေးထားသည့် စစ်ဆင်ရေးတစ်ခုအား အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအသွားအလာ သတိပြုကြရန် ၎င်းတို့က အသိပေးထားသည်။

လှိုင်သာယာမြို့နယ်အတွင်း ယမန်နေ့(နိုဝင်ဘာ ၂၂)ကလည်း နေရာ ၅ နေရာ၌ ပေါက်ကွဲမှုများဖြစ် ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။