Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီပတ်ကင်းယာဥ်တိုက်ခိုက်ခံရ

“ညဆိုတော့အသံကတော်တော်ကျယ်တယ်။ လေးမိုင်လောက်ဝေးတဲ့ရွာကကို ကြားရတယ်။”ဟု အခင်းဖြစ်ရာအနီး ကျေးရွာတစ်ရွာတွင် နေထိုင်သူ တစ်ဦးကပြောသည်။

(ဓါတ်ပုံ- နိုဝင်ဘာ ၂၄ ရက်နံနက်က မုံရွာ-မန္တ​လေး လမ်း​ပေါ်မြင်းမူမြို့နယ်တွင် ဗုံး​ပေါက်ကွဲသံများကြားသဖြင့် လမ်း​ပေါ်သွားလာ​နေ​သောကားများခတ္တရပ်နား​ခဲ့ကြသည်။)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ယမန်နေ့ညက စစ်ကောင်စီပုံမှန်ပတ်ကင်းယာဥ် တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က
စစ်ကိုင်းမြို့နယ်အတွင်း ပုံမှန်လှည့်ပတ်နေကျစစ်ကောင်စီပတ်ကင်းကားသည် နတ်ခရိုင်ကျေးရွာနှင့် လယ်ကြီးကျေးရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ညဆိုတော့အသံကတော်တော်ကျယ်တယ်။ လေးမိုင်လောက်ဝေးတဲ့ရွာကကို ကြားရတယ်။”ဟု အခင်းဖြစ်ရာအနီး ကျေးရွာတစ်ရွာတွင် နေထိုင်သူ တစ်ဦးကပြောသည်။

ဗိုလ်ယက္ခအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိုင်း ၃လုံးခွဲကာ တိုက်ခိုက်ခဲ့ရာ ၃လုံး လုံးကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှုရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မုံရွာမှစစ်ကိုင်းသို့ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီကားများ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကားလေးစီးပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်နိုင်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်များကပြောသည်။

ယမန်​နေ့နံနက်ကလည်း မုံရွာ-မန္တ​လေးလမ်း မြင်းမူမြိုနယ်မြို့နယ်တွင်စစ်​ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး​သေဆုံးထိ့ခိုက်မှု ရှိခဲ့​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားသည်။ စစ်​ကောင်စီယာဥ်တန်းများကိုမိုင်းခွဲတိုက်ခိုက်​သံများထွက်လာချိန်တွင် မုံရွာ-မန္တ​လေးလမ်း​ပေါ်၌ အများပြည်သူများ၏ ကားများကိုရပ်ထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။