Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ၊ကျောက်ပြုတ်ရွာက စစ်တပ်နဲ့ပျူစခန်းကို တော်လှန်​ရေးတပ်​တွေတိုက်ခိုက်

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာကို အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူ ၁၀ဦး ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

Screenshot

အောက်တိုဘာ-၁၄၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာကို အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူ ၁၀ဦး ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

အောက်တိုဘာလ၁၂ ရက်နေ့၊ညနေ၄နာရီ လောက်မှာ တော်လှန်ရေး တပ်တွေ စုပေါင်းပြီး ကျောက်ပြုတ်ရွာကိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“သူတို့ယူထားတဲ့နေရာအထိကျွန် တော်တို့ ရောက်နိူင်ခဲ့တယ်။ဒါပေမယ့် နောက်က သူတို့(စကစ)က တပ်ကူတော်တော်များများရောက်လာတာမို့ ကျွန် တော်တို့ တော်လှန် ရေးတပ်တွေကပြန်လည်ဆုတ်ခွာခဲ့ရတယ်”လို့ မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူတဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းမှာစစ်သားနဲ့ပျူစောထီး အလောင်း မျက်မြင် ၁၂ လောင်း တွေ့ခဲ့တယ်လို့ဆိုပါတယ်။

ကျောက်ပြုတ်ရွာဟာလယ်သစ်(ပျူစောထီး)ရွာနဲ့ ၇ ဖာလုံအကွာမှာ ရှိပြီး စစ်တပ်ကအဲဒီရွာက နေ အင်အားတိုးခဲ့တာလို့သိရပါတယ်။

လက်ရှိမှာလည်း စစ်တပ်က အဲဒီရွာ တွေဘက်ကို လေကြောင်းအကူ နဲ့ စစ်ကြောင်း တွေထိုး နေတာ တွေလည်း ရှိတယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်​ရေးကို ပြည်သူ့ကြယ်တပွင့်တပ်ဖွဲ့၊MGN Danger Dynamite ၊MGRF PDF၊တာလီဖိုက် PDF နဲ့ မြင်းခြံမြို့နယ်ပကဖတို့ ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မြင်းခြံ၊ကျောက်ပြုတ်ရွာက စစ်တပ်နဲ့ပျူစခန်းကို ​တော်လှန်​ရေးတပ်​တွေတိုက်ခိုက် အောက်တိုဘာ-၁၄၊၂၀၂၅။ရှိန်း/People's Spring…

Posted by People's Spring on Tuesday 14 October 2025

ရုပ်သံ-ပြည်သူ့ကြယ်တပွင့်တပ်ဖွဲ့၊ MGN Danger Dynamite

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook