Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တ​လေးလမ်းတွင် Express ကားသုံးစီးဖြင့်စစ်​ကောင်စီတပ်ဖွဲ့ဝင်များလာစဥ်မိုင်းဆွဲတိုက်ခိုက်ခံရ

အကြမ်းဖက်စစ်ကောင်စီသည် Express ကား ၃စီးဖြင့် စစ်ကိုင်းမြို့နယ်မှ ရွှေဘိုမြို့နယ်သို့ဦးတည်ထွက်ခွာလာစဥ် ရွာသာကြီး နှင့် လှတောကျေးရွာကြား၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကအသိပေးသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့( နိုဝင်ဘာလ ၂၇ ရက်) ည ၁၀နာရီခွဲအချိန်က စစ်ကိုင်းရွှေဘိုလမ်းမကြီးပေါ်၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကိုင်းအခြေစိုက် တပ်မ၃၃တပ်သားများလိုက်ပါလာသောExpressကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများလည်းရှိနိုင်ကြောင်း၊ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲပြီးချိန်တွင် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် Express ကား ၃စီးဖြင့် စစ်ကိုင်းမြို့နယ်မှ ရွှေဘိုမြို့နယ်သို့ဦးတည်ထွက်ခွာလာစဥ် ရွာသာကြီး နှင့် လှတောကျေးရွာကြား၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကအသိပေးသည်။

မိုင်းထိပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းနှင့်မြင်းမူမြို့နယ်များသို့ဖြတ်သန်းသွားသော မုံရွာ-မန္တလေးလမ်းမပေါ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရပြီး အာဏာသိမ်းစစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook