Connect with us

Hi, what are you looking for?

LuduNwayOo

News

သိန္နီ-ကွတ်ခိုင်ကြား ပြည်ထောင်စုလမ်းမအနီး တိုက်ပွဲဖြစ်ပွား

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြားသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ TNLA၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS အကြား တိုက်ပွဲများ ဖြစ်ခဲ့သည်။

People's Spring
People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ နှင့်ကွတ်ခိုင်အကြား ပြည်ထောင်စုလမ်းမအနီးတွင် ယနေ့(နိုဝင်ဘာ၂၈ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယ​​နေ့ နံနက် ၁၁နာရီကျော်အချိန်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကွတ်ခိုင်နဲ့ သိန္နီကြားမှာ တွယ်နေတာ ၁၁ခွဲလောက်က။ မနေ့က သိန္နီ PDFကလည်း သတိပေးထားတာရှိတယ် သူတို့ တွယ်မယ်ဆိုတာ။ သိန္နီPDFက မနေ့က တင်ထားတာက ဒီကြားထဲမသွားဖို့ ဆိုပြီး တင်ထားတာ ဒီနေ့ အသံကြားရတာပေါ့။ မနေ့က ခရီးမသွားကြဖို့ သတိပေးတာ တွေ့လိုက်တယ်။ ပြီးတော့ အဲဒီနားက များသောအားဖြင့် KIA လည်းများပါတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

အဆိုပါ လမ်းပိုင်းတွင် ယခင်ကလည်း စစ်ကောင်စီတပ်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) တို့က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ယခုအခါ အဆိုပါ ဒေသတွင် KIA၊MNDAA၊ TNLA လက်နက်ကိုင်အဖွဲ့များအပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လည်း လှုပ်ရှားမှု ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြားသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ TNLA၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS အကြား တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။