Connect with us

Hi, what are you looking for?

News

သိန္နီ-ကွတ်ခိုင်ကြား ပြည်ထောင်စုလမ်းမအနီး တိုက်ပွဲဖြစ်ပွား

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြားသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ TNLA၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS အကြား တိုက်ပွဲများ ဖြစ်ခဲ့သည်။

People's Spring
People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ နှင့်ကွတ်ခိုင်အကြား ပြည်ထောင်စုလမ်းမအနီးတွင် ယနေ့(နိုဝင်ဘာ၂၈ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယ​​နေ့ နံနက် ၁၁နာရီကျော်အချိန်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကွတ်ခိုင်နဲ့ သိန္နီကြားမှာ တွယ်နေတာ ၁၁ခွဲလောက်က။ မနေ့က သိန္နီ PDFကလည်း သတိပေးထားတာရှိတယ် သူတို့ တွယ်မယ်ဆိုတာ။ သိန္နီPDFက မနေ့က တင်ထားတာက ဒီကြားထဲမသွားဖို့ ဆိုပြီး တင်ထားတာ ဒီနေ့ အသံကြားရတာပေါ့။ မနေ့က ခရီးမသွားကြဖို့ သတိပေးတာ တွေ့လိုက်တယ်။ ပြီးတော့ အဲဒီနားက များသောအားဖြင့် KIA လည်းများပါတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။

အဆိုပါ လမ်းပိုင်းတွင် ယခင်ကလည်း စစ်ကောင်စီတပ်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) တို့က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ ယခုအခါ အဆိုပါ ဒေသတွင် KIA၊MNDAA၊ TNLA လက်နက်ကိုင်အဖွဲ့များအပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လည်း လှုပ်ရှားမှု ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြားသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ TNLA၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS အကြား တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။