Connect with us

Hi, what are you looking for?

News

ကနီနဲ့ယင်းမာပင်မှာMPTဖုန်းလိုင်းတစ်ပတ်အတွင်းပြန်ဖွင့်မပေးရင် တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးမယ်လို့သတိပေး

စစ်ကိုင်းတိုင်းဒေသကြီး ကနီနဲ့ ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ တစ်လကျော်သွားပါပြီ ။ဒါ​ကြောင့်တစ်ပတ်အတွင်း ပြန်ဖွင့်ပေးဖို့ ကနီမြို့နယ် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့(နိုဝင်ဘာ ၂၉) ဆက်သွယ် သတိပေးပါတယ်။

ကနီနဲ့ ယင်းမာပင်မြိုနယ်မှာ စစ်ကောင်စီက ဖြတ်တောက်ထားတဲ့ MPT ဖုန်းလိုင်းကို တစ်ပတ်အတွင်း ပြန်ဖွင့်မပေးရင် MPT တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကသတိပေးလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီနဲ့ ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ တစ်လကျော်သွားပါပြီ ။ဒါ​ကြောင့်တစ်ပတ်အတွင်း ပြန်ဖွင့်ပေးဖို့ ကနီမြို့နယ် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့(နိုဝင်ဘာ ၂၉) ဆက်သွယ် သတိပေးပါတယ်။

“MPT လိုင်းတွေ တစ်ပတ်အတွင်း ပြန်ဖွင့်ပေး။ ပြန်ဖွင့်မပေးရင် ကျွန်တော်တို့ မိုင်းခွဲဖြိုချပစ်မှာပါ” လို့ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီနှစ်မြို့နယ်မှာရှိတဲ့ MPT တာဝါတိုင်တွေစာရင်းနဲ့ တည်နေရာကို အတိအကျကောက်ယူပြီးဖြစ်တယ်လို့လည်း ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့ခုခံတော်လှန်စစ်ပွဲမှာ အားအကောင်းဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ထိုးစစ်ဆင်နေသလို ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း အ​ကောင်းဆုံးပြန်လည် ခုခံတိုက်ခိုက်နေပါတယ်။

စစ်​ကောင်စီက စစ်ကိုင်းတိုင်း ၊ချင်းပြည်နယ်၊ကချင်ပြည်နယ်က​မြို့နယ်အများစုမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း​တွေဖြတ်​တောက်ထားတာလချီကြာမြင်​နေပြီဖြစ်ပါတယ်။ဒီလို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း​တွေဖြတ်တာဟာအကြမ်းဖက်စစ်​ကောင်စီက စစ်ဆင်​ရေးလုပ်တဲ့ဓါတ်ပုံ​တွေ ၊သတင်း​တွေ၊စစ်ရာဇဝတ်မှူကျူးလွန်တဲ့အ​ထောက်အထား​တွေပြည်တွင်းနဲ့နိုင်ငံတကာကို မပြန့်နှံ့​အောင်ထိန်းချုပ်ချင်တာရယ် ၊​ဒေသခံကာကွယ်​ရေးတပ်​တွေကိုဆက်သွယ်​ရေးဖြတ်​တောက်ချင်တဲ့အတွက်ဖြစ်တယ်လို့စစ်​ရေး​လေ့လာသူ​တွေက သုံးသပ်ပါတယ်။ ဆက်သွယ်​ရေးလိုင်း​တွေမျိုးစုံဖြတ်​တော်ထား​ပေမယ့် ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်ကမီးရှိုတဲ့ဖြစ်ရပ်အပါအဝင် စစ်ရာဇဝတ်မှု​တွေကျူးလွန်တဲ့အ​ထောက်အထား​တွေကို ပြည်သူ​တွေက နည်းမျိုးစုံနဲ့အ​ထောက်အထား​တွေရ​အောင်လုပ်နိုင်​နေကြတာ​တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့ လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။