Connect with us

Hi, what are you looking for?

News

ကနီနဲ့ယင်းမာပင်မှာMPTဖုန်းလိုင်းတစ်ပတ်အတွင်းပြန်ဖွင့်မပေးရင် တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးမယ်လို့သတိပေး

စစ်ကိုင်းတိုင်းဒေသကြီး ကနီနဲ့ ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ တစ်လကျော်သွားပါပြီ ။ဒါ​ကြောင့်တစ်ပတ်အတွင်း ပြန်ဖွင့်ပေးဖို့ ကနီမြို့နယ် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့(နိုဝင်ဘာ ၂၉) ဆက်သွယ် သတိပေးပါတယ်။

ကနီနဲ့ ယင်းမာပင်မြိုနယ်မှာ စစ်ကောင်စီက ဖြတ်တောက်ထားတဲ့ MPT ဖုန်းလိုင်းကို တစ်ပတ်အတွင်း ပြန်ဖွင့်မပေးရင် MPT တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကသတိပေးလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီနဲ့ ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ တစ်လကျော်သွားပါပြီ ။ဒါ​ကြောင့်တစ်ပတ်အတွင်း ပြန်ဖွင့်ပေးဖို့ ကနီမြို့နယ် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့(နိုဝင်ဘာ ၂၉) ဆက်သွယ် သတိပေးပါတယ်။

“ MPT လိုင်းတွေ တစ်ပတ်အတွင်း ပြန်ဖွင့်ပေး။ ပြန်ဖွင့်မပေးရင် ကျွန်တော်တို့ မိုင်းခွဲဖြိုချပစ်မှာပါ” လို့ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီနှစ်မြို့နယ်မှာရှိတဲ့ MPT တာဝါတိုင်တွေစာရင်းနဲ့ တည်နေရာကို အတိအကျကောက်ယူပြီးဖြစ်တယ်လို့လည်း ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့ခုခံတော်လှန်စစ်ပွဲမှာ အားအကောင်းဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ထိုးစစ်ဆင်နေသလို ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း အ​ကောင်းဆုံးပြန်လည် ခုခံတိုက်ခိုက်နေပါတယ်။

စစ်​ကောင်စီက စစ်ကိုင်းတိုင်း ၊ချင်းပြည်နယ်၊ကချင်ပြည်နယ်က​မြို့နယ်အများစုမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း​တွေဖြတ်​တောက်ထားတာလချီကြာမြင်​နေပြီဖြစ်ပါတယ်။ဒီလို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း​တွေဖြတ်တာဟာအကြမ်းဖက်စစ်​ကောင်စီက စစ်ဆင်​ရေးလုပ်တဲ့ဓါတ်ပုံ​တွေ ၊သတင်း​တွေ၊စစ်ရာဇဝတ်မှူကျူးလွန်တဲ့အ​ထောက်အထား​တွေပြည်တွင်းနဲ့နိုင်ငံတကာကို မပြန့်နှံ့​အောင်ထိန်းချုပ်ချင်တာရယ် ၊​ဒေသခံကာကွယ်​ရေးတပ်​တွေကိုဆက်သွယ်​ရေးဖြတ်​တောက်ချင်တဲ့အတွက်ဖြစ်တယ်လို့စစ်​ရေး​လေ့လာသူ​တွေက သုံးသပ်ပါတယ်။ ဆက်သွယ်​ရေးလိုင်း​တွေမျိုးစုံဖြတ်​တော်ထား​ပေမယ့် ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်ကမီးရှိုတဲ့ဖြစ်ရပ်အပါအဝင် စစ်ရာဇဝတ်မှု​တွေကျူးလွန်တဲ့အ​ထောက်အထား​တွေကို ပြည်သူ​တွေက နည်းမျိုးစုံနဲ့အ​ထောက်အထား​တွေရ​အောင်လုပ်နိုင်​နေကြတာ​တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။

Facebook