Connect with us

Hi, what are you looking for?

News

မန္တ​လေး-​ရွှေဘိုလမ်းတွင် စစ်​ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရ

နိုဝင်ဘာလ ၂၇ ရက် ည ၁၀း၃၀ အချိန်ကလည်း စစ်ကိုင်းရွှေဘိုလမ်းမကြီးပေါ်၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ တပ်သားများလိုက်ပါလာသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

မန္တလေး-ရွှေဘိုလမ်းမကြီးပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်များ နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး၊ထိ့ခိုက်မှုများရှိနိုင်ကြောင်း
ဒေသခံများကပြောသည်။

ယမန်နေ့( နိုဝင်ဘာလ ၂၈ ရက်) ည ၉ နာရီအချိန်ကစစ်ကိုင်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကား ၁၁ စီးပါသော ယာဥ်တန်းကိုရွှေဘို-မန္တလေးလမ်းပေါ်တွင် ပဒေသာမိုင်း ၈ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အထိအခိုက်ကျဆုံးမှုအခြေအနေ အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်းမရှိကြောင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး အထိအခိုက်အကျအဆုံးမရှိကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

အလားတူ ရွှေဘို-မန္တ​လေးလမ်း၊ ရွာသာကြီးနှင့် ဆားတောင်မြို့ကြားတွင် စစ်သား ငါးဆယ်ခန့်ပါသော ကားတစ်စီးအား ယမန်နေ့ည ၉း၄၅အချိန်က အဝေးထိန်းစနစ်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားသည် မိုင်းမိသောနေရာတွင်ထိုးရပ်သွားခဲ့ပြီး စစ်ကောင်စီ တပ်သားများထိခိုက်မှုရှိနိုင်ကြောင်း၊ မိမိတို့ဘက်မှ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းဖြူရှင်အဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၂၇ ရက် ည ၁၀း၃၀ အချိန်ကလည်း စစ်ကိုင်းရွှေဘိုလမ်းမကြီးပေါ်၌ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ တပ်သားများလိုက်ပါလာသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာလမ်းပိုင်း၊ မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းများအား နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇း၁၅ နာရီမှစတင်ကာအသုံးပြုခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ချောင်းဦးနှင့်မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook