Connect with us

Hi, what are you looking for?

News

CDM သမဝန်ထမ်းတစ်ဦး စစ်​ကောင်စီတပ်၏ ဖမ်းဆီးခံရပြီး စစ်​ကြော​ရေးတွင်ကျဆုံး

အကြမ်းဖက်စစ်​ကောင်စီက ပြည်သူများကိုဖမ်းဆီးပြီး လူမဆန်​အောင်နှိပ်စက်ညှင်းပန်းမှု​ကြောင့် ၁၀လအတွင်း စစ်​ကျော​ရေးတွင်ကျဆုံးသူ ၁၇၀ဦးဝန်ကျင်ရှိ​နေပြီဖြစ်သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ CDMပြုလုပ်ထားသော သမဝါယမဝန်ထမ်းတစ်ဦး အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင်ကျဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သမဝါယမကောလိပ်(မန္တလေး)နှင့် သမဝါယမဒီဂရီကောလိပ်(သန်လျင်) တို့မှ ကျောင်းသားဟောင်း ၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တွင် လက်ထောက် အား/ကာမှူးဟောင်း ၊ လက်ရှိတွင် မတ္တရာမြို့နယ် သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ကိုရဲသူလှိုင်သည် အကြမ်းဖက်စစ်တပ်မှ မတရားဖမ်းဆီးခံလိုက်ရပြီး စစ်ကြောရေးတွင် ကျဆုံးသွားကြောင်း စစ်ကိုင်းသမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့သည်။

ကိုရဲသူလှိုင်သည် ဖေဖော်ဝါရီတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်ထိ အာဏာဖီဆန်လှုပ်ရှားမှု(Civil Disobedience Movement)တွင် ပါဝင်ပြုလုပ်နေသော ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပြီး ကိုရဲသူလှိုင်ကျဆုံးမှုအပေါ် ကျွန်ုပ်တို့
စစ်ကိုင်းသမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် CDMဆရာ၊ ဆရာမများ၊ ဝန်ထမ်းများမှ မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲကြောင်း စစ်ကိုင်းသမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်​ကောင်စီက ပြည်သူများကိုဖမ်းဆီးပြီး လူမဆန်​အောင်နှိပ်စက်ညှင်းပန်းမှု​ကြောင့် ၁၀လအတွင်း စစ်​ကျော​ရေးတွင်ကျဆုံးသူ ၁၇၀ဦးဝန်ကျင်ရှိ​နေပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook