Connect with us

Hi, what are you looking for?

News

ကလေးအခြေစိုက် ခမရ (၃၆၃)မှ တပ်ကြပ်ကြီးစာရေး အပါအဝင်သုံးဦး CDF ထံပူးပေါင်း

အဆိုပါ တပ်မတော်သားသုံးဦးအပါအဝင် CDF-KKG မှတစ်ဆင့် CDMပြုလုပ်ပြီး အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်းခြောက်ဦးအထိ ရှိပြီးဖြစ်သည်ဟု ဆိုသည်။

People's Spring
People's Spring

ကလေးမြို့ အင်ဒိုင်းလေး ခမရ(၃၆၃)ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးစာရေးဖြစ်သူ Mang Bawi Hring (ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆)နှင့် အခြားနှစ်ဦးတို့သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့-ကလေး၊ကဘော်၊ ဂန့်ဂေါ(CDF-KKG)ထံ ပူးပေါင်းလာကြောင်း အဆိုပါအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ တပ်မတော်သားသုံးဦးအပါအဝင် CDF-KKG မှတစ်ဆင့် CDMပြုလုပ်ပြီး အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်းခြောက်ဦးအထိ ရှိပြီးဖြစ်သည်ဟု ဆိုသည်။

လက်နက်၊ကျည်အပြည့်အစုံဖြင့် လာရောက်သူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြင့်သွားမည် ဖြစ်ကြောင်း၊ လက်နက်၊ကျည် မပါသူများကိုမူ တာဝန်ယူတော့မည် မဟုတ်ပါကြောင်းလည်း CDF-KKGက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟားခါးထံ အလင်းဝင်ခဲ့ဟု CDF ဟားခါးက ယနေ့ ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းတောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်တပ်များ စုပေါင်းခုခံနေသည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းစစ်ဦးစီးချုပ် ဦးထောင်းပူက ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။