Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က က​လေးမြို့နယ်မှ ရွာနှစ်ရွာကိုမီးရှို့​နေ

“လယ်ခြားရွာနဲ့ ကုက္ကိုလ်ရွာကြားမှာ တစ်ရွာခြားသေးတယ်။ အခုက တိုက်ပွဲလည်း ဖြစ်တာမဟုတ်ဘူး။ ဒီအတိုင်း မီးရှို့တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က ကလေးမြို့နယ် လယ်ခြားရွာနှင့် ကုက္ကိုလ်ရွာတို့ကို မီးရှို့နေ၍ နေအိမ်အချို့ မီးလောင်နေပြီး အရပ်သားများ ထွက်ပြေးနေရ​ကြောင်း ​ဒေသခံများကပြောသည်။

ကလေးမြို့ နယ်တောင်ပိုင်းရှိ လယ်ခြားရွာနှင့် ကုက္ကိုလ်ရွာကို ယ​နေ့(ဒီဇင်ဘာ ၁ ရက်)နံနက် ကိုးနာရီခန့်ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီက မီးရှို့နေခြင်းဖြစ်သည်။

(ဓါတ်ပုံ-လယ်ခြားရွာနှင့် ကုက္ကိုလ်ရွာ မှ​နေအိမ်များမီး​လောင်​နေစဥ်။ အကြမ်းဖက်စစ်​ကောင်စီတပ်ကနျုင်ငံတစ်ဝန်းရှိ​ဒေသအမျာယစုတွင် ပြည်သူများ၏​နေအိမ်များကို မီးရှို့​ဖျက်ဆီးနေခြင်းဖြစ်သည်)
(ဓါတ်ပုံ-လယ်ခြားရွာနှင့် ကုက္ကိုလ်ရွာ မှ​နေအိမ်များမီး​လောင်​နေစဥ်။ အကြမ်းဖက်စစ်​ကောင်စီတပ်ကနျုင်ငံတစ်ဝန်းရှိ​ဒေသအမျာယစုတွင် ပြည်သူများ၏​နေအိမ်များကို မီးရှို့​ဖျက်ဆီးနေခြင်းဖြစ်သည်)

“လယ်ခြားရွာနဲ့ ကုက္ကိုလ်ရွာကြားမှာ တစ်ရွာခြားသေးတယ်။ အခုက တိုက်ပွဲလည်း ဖြစ်တာမဟုတ်ဘူး။ ဒီအတိုင်း မီးရှို့တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး နောက်ဆက်တွဲအသေးစိတ်အခြေအနေကို မသိရသေးပေ။ယနေ့နံနက် ဒေသတွင်းအခြေအနေနှင့်ပတ်သက်၍ Kalay PDFက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

(ဓါတ်ပုံ-လယ်ခြားရွာနှင့် ကုက္ကိုလ်ရွာ မှ​နေအိမ်များမီး​လောင်​နေစဥ်။ အကြမ်းဖက်စစ်​ကောင်စီတပ်ကနျုင်ငံတစ်ဝန်းရှိ​ဒေသအမျာယစုတွင် ပြည်သူများ၏​နေအိမ်များကို မီးရှို့​ဖျက်ဆီးနေခြင်းဖြစ်သည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook