Connect with us

Hi, what are you looking for?

News

မန္တလေးက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ်တွေဝင်မွှေပြီး ဆရာမ၁ ဦးအပါအဝင် ၅ ဦးကို ဖမ်းဆီးသွား

“စစ်သားတွေကအင်အားတော်တော်များများပဲ၊ မနက်အစောကြီး ထွက်လို့မရအောင်ပိတ်လိုက်တာ ပါသွားတဲ့သူ ၅ယောက်ကျော်နိုင်တယ်။ ဒီအိမ်ရာထဲမှာ ဝန်ထမ်းကအစုံရှိတာလေ”လို့ အိမ်ရာတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအနီးက မြနန္ဒာဝန်ထမ်းအိမ်ရာကို ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်မွှေပြီး ကျောင်းဆရာမ အပါအဝင် ၅ ဦးကို ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။

အိမ်ရာဝန်းထဲက ဝင်ပေါက်နေရာတွေကိုပိတ်ပြီး အခန်းတိုင်းကိုလိုက်လံစစ်ဆေးခဲ့တယ်လို့ မြနန္ဒာဝန်ထမ်းအိမ်ရာမှနေထိုင်သူတစ်ဦးကပြောပါတယ်။

“စစ်သားတွေကအင်အားတော်တော်များများပဲ၊ မနက်အစောကြီး ထွက်လို့မရအောင်ပိတ်လိုက်တာ ပါသွားတဲ့သူ ၅ယောက်ကျော်နိုင်တယ်။ ဒီအိမ်ရာထဲမှာ ဝန်ထမ်းကအစုံရှိတာလေ”လို့ အိမ်ရာတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

ဖမ်းခံရတဲ့သူတွေပါဝင်တဲ့ ကျောင်းဆရာမ ဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ကုသရာကနေ ပြန်ရောက်ချိန်မှာ ဖမ်းခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်တေါ လာရောက်ဖမ်းဆီးသွားတဲ့ ဝန်ထမ်းအိမ်ရာဟာဆိုရင် ဌာနဆိုင်ရာက ဝန်ထမ်းတွေအများစုနေထိုင်တဲ့အိမ်ရာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်