Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်တပ်က ပါတီခေါင်းဆောင်များ အပါအဝင် ပါတီဝင် ၅၇၀ကျော်ဖမ်းဆီးခဲ့ဟု ဒီချုပ်ထုတ်ပြန်

စစ်အာဏာသိမ်းခံထားရသည့် ကာလအတွင်း ဒီချုပ်ပါတီအဖွဲ့ဝင်များ ဖမ်းဆီးခံရမှု၊ ကျဆုံးမှု၊ ပါတီရုံးဖျက်ဆီးခံရမှုများနှင့် နေအိမ်ချိတ်ပိတ်ခံရမှုများကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

-ဖမ်းဆီးခံရသူများအနက် ၁၃ဦးကျဆုံး၊ပါတီရုံးဖောက်ခွဲခံရမှု ၇၅ကြိမ်ရှိ၊ ၅၇ဦး၏ နေအိမ်များ ချိတ်ပိတ်ခံရ

အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ခေါင်းဆောင်များအပါအဝင် ပါတီဝင် ၅၇၃ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဒီချုပ်က ယနေ့(ဒီဇင်ဘာ၁ရက်) ထုတ်ပြန်သည်။

စစ်အာဏာသိမ်းခံထားရသည့် ကာလအတွင်း ဒီချုပ်ပါတီအဖွဲ့ဝင်များ ဖမ်းဆီးခံရမှု၊ ကျဆုံးမှု၊ ပါတီရုံးဖျက်ဆီးခံရမှုများနှင့် နေအိမ်ချိတ်ပိတ်ခံရမှုများကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒီချုပ်ဗဟိုအလုပ်ကော်မတီ (CWC)၏ ကောက်ယူရရှိသော စာရင်းများအရ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နိုဝင်ဘာ ၃၀ရက်အထိ ကာလအတွင်း ပါတီခေါင်းဆောင်များ အပါအဝင် ပါတီဝင် စုစုပေါင်း ၅၇၃ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂၈ ဦးရှိကြောင်း၊ ၄၃၂ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလတွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ကျဆုံးကွယ်လွန်ခဲ့သူ ၁၃ဦးရှိသည်ဟု ဆိုသည်။

အဆိုပါ ၁၃ ဦးအနက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်၊ ခွန်ဘွားထိုသွေးတို့ငါးဦးမှာ ထောင်တွင်းအကျဉ်းကျခံ နေရစဉ်ကာလအတွင်း ကျဆုံးခဲ့သူများဖြစ်ပြီး ဦးခင်မောင်လတ် ၊ ဦးဇော်မြတ်လင်း ၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို ၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး တို့မှာ စစ်ကြောရေးကာလအတွင်း သတ်ဖြတ်ခံရမှုကြောင့် ကျဆုံးခဲ့သူများဖြစ်ကြောင်း ဖော်ပြထားသည်။

မုံရွာအောင်ရှင်(ခ)ဦးအေးကြူသည် ပြန်လည်လွတ် မြောက်ပြီး တစ်လအကြာတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးချုပ်အပါအဝင် ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိပါတီရုံးများ ဖောက်ခွဲခြင်း၊ ဖျက်ဆီးခြင်း ခံရသည့် အကြိမ်အရေအတွက် ၇၅ကြိမ် ရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လွှတ် တော်ကိုယ်စားလှယ်များ ပါတီဝန်းရံသူ ပြည်သူများ၏ နေအိမ်နှင့်အဆောက်အဦးများအား ဉပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများသိမ်း ဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများ ကျူးလွန်မှုရှိသည့်အပြင် တရားရုံးအမှုများကို အကြောင်းပြ၍ နေအိမ်များအားချိတ်ပိတ်ရာ ချိတ်ပိတ်ခံရသူပေါင်း ၅၇ဦး ရှိသည်ဟု ဆိုသည်။

ပုဒ်မ(၅၀၅) တပ်၍ စွပ်စွဲမှုများရှိသော်လည်း တရားရုံး ၏ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ချက်မချနိုင်သေးမီ အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ထောက်ပြထားသည်။

ယခုထုတ်ပြန်ချက်ပါ အချက်အလက်များမှာ NLD ဗဟိုအလုပ်ကော်မတီမှ ကောက်ယူရရှိသော အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် ဖမ်းဆီးခံရမှုများ၊ ကျဆုံးမှုများ၊ ရုံးခန်းဖျက်ဆီးခံရမှုများ ပိုမိုဖြစ်ပွားနိုင်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး