Connect with us

Hi, what are you looking for?

News

ကျောက်တန်းမြို့နယ် လျှပ်စစ်ရုံးပေါက်ကွဲမှု ၎င်းတို့လက်ချက်ဟု KPDF အသိ​ပေး

“ည ၇ နာရီကျော်လောက်မှာ ပေါက်ကွဲသံကြားရတာ။ နှစ်လုံးဆင့်ပေါက်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မန်​နေဂျာရုံး ယနေ့(ဒီဇင်ဘာ ၂)ည ၇ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပွားရာ ယင်းပေါက်ကွဲမှုမှာ ၎င်းတို့လုပ်ဆောင်ချက်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က အသိ​ပေးထုတ်ပြန် သည်။

KPDF သည် မဟာမိတ်ကျောက်တန်းမြို့နယ်(S.U F)နှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့အသက်၊အိုးအိမ်၊စည်းစိမ်းကို ဖျက်စီးရန်အခွန်ရှာပေးနေသည့် ကျောက်တန်းမြို့နယ်လျှပ်စစ်ရုံးအား ယနေ့ညပိုင်းတွင် အဝေးထိန်းစနစ်ဖြင့်ဖောက်ခွဲသတိပေး (အုန်းထမင်း)ကျွေးခဲ့ကြောင်း ပြည်သူများသိရှိစေရန်သတင်းထုတ်ပြန်လိုက်ပါသည်ဟု အသိပေးထားသည်။

“ည ၇ နာရီကျော်လောက်မှာ ပေါက်ကွဲသံကြားရတာ။ နှစ်လုံးဆင့်ပေါက်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

KPDF နှင့် မဟာမိတ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား အကြမ်းဖက်ငွေရှာပေးနေသည့် မီတာခကောက်ခံပေးသူများမီတာမဆောင်ပါက လျှပ်စစ်မီးဖျက်မည်ဟုခြိမ်းခြောက်နေသူများ၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း သတိး​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များရှိရာနေရာများသို့ သွားလာခြင်းအား အထူးဂရုပြုကြရန် KPDFနှင့် မဟာမိတ်များက မေတ္တာ ရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook