Connect with us

Hi, what are you looking for?

LuduNwayOo

News

ယောတပ်သား​တွေရဲ့​နေ့စဥ်ဘဝ

တောထဲမှာ နေရတဲ့ တပ်သားတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုဘဝဟာ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို အကြမ်းဖျင်း သိကြမှာပါ။

ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းပြီးရင် မ​ကွေးတိုင်းက အာဏာသိမ်းစစ်​ကောင်စီတပ်​တွေကို ပြည်သူ​တွေက လက်နက်ဆွဲကိုင်ခုခံ​တော်လှန်တာအားအ​ကောင်းဆုံး​ဒေသတစ်ခု ဖြစ်ပါတယ်။ မ​ကွေးတိုင်းမှာ ​ယော​ဒေသပြည်သူကာကွယ်​ရေးတပ်(YDF) ကအကြမ်းဖက်စစ်​ကောင်စီကို အထိနာ​အောင် အစွမ်းကုန်ခုခံကာကွယ်တိုက်ခိုက်​နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ချင်း​တောင်က ချင်း​ဒေသကာကွယ်တပ်(CDF)​တွေ၊စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်​ရေးတပ်​တွေ နဲ့ပါပူး​ပေါင်းပြီး စစ်​ကောင်စီတပ်​တွေကို တိုက်ခိုက်တာရှိသလို ၊ ​ဒေသအလိုက်YDF တပ်​တွေအ​နေနဲ့ တိုက်ခိုက်​နေတာ​တွေရှိပါတယ်။ နိုဝင်ဘာအတွင်းက တချို့တိုက်ပွဲ​တွေမှာစစ်​ကောင်စီတပ်​တွေ အထိနာလို့ ရဟတ်ယာဥ်​တွေပါအသုံးပြုခဲ့ရတာရှိပါတယ်။အကြမ်းဖက်စစ်​ကောင်စီကစစ်​ကြောင်းထိုးပြီး ဖိနှပ်မှု​တွေတိုးလုပ်​လာ​ပေမယ့် ​ယော​ဒေသပြည်သူ့ကာကွယ်​ရေးတပ်သား​တွေက​ နောက်မတွံဘဲရဲရင်စွာ ခုခံ​တော်လှန်​တိုက်ခိုက်နေကြပါတယ်။ ​ယောတပ်သား​တွေ ​နေ့စဥ်ဘဝမှာ ​နေထိုင်ရတာ၊စား​သောက်ရတာ၊အိပ်စက်​နေရတဲ့အ​ခြေအ​နေကို YDF ကဒီက​နေ့ထုတ်ပြန်ပါတယ်။အာဏာသိမ်းစစ်​ကောင်စီကိုဖြုတ်ချဖို့ တိုက်ပွဲဝင်နေတဲ့​ယောတပ်သား​တွေရဲ့ ​နေစဥ်ဘဝကိုတစ်ချက်​လောက်ကြည့်ကြရ​အောင်။

“တောထဲမှာ နေရတဲ့ တပ်သားတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုဘဝဟာ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို အကြမ်းဖျင်း သိကြမှာပါ။

တောထဲရောက်နေရတာမို့ ပျော်ပါး၊ သွားလာ၊ စားသောက်ရတဲ့ ဘဝကို အတိတ်မှာ ချန်ခဲ့ရပါတယ်။ တပ်သား ဘဝမို့ မှက်ကိုက်၊ ခြင်ကိုက်၊ ချမ်းချမ်းအေးအေးနဲ့ တောထဲမှာ နေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကြမ်းဖက် စစ်အုပ်စုရဲ့ ရန်ကနေ ကာကွယ်ဖို့ အမြဲအသင့်ဖြစ်နေရတာပါ။

ယောဒေသမှာ ဆောင်းရာသီဟာ အင်မတန် ချမ်းအေးလှပါတယ်။ ဒီလို ချမ်းအေးမှုထဲ အိမ်က စောင်ပုံထဲ ကွေးကွေးလေး အိပ်နေချင်ပါတယ်။ သို့သော် လက်တွေ့ဘဝမှာတော့ ခြုံစောင်ပင် အလောက်အငမရှိ။ ရဲဘော်တို့အတွက် မွေ့ယာဟာ တစ်ခါတရံ ဝါးကြမ်းခြင်း ဖြစ်ပြီး၊ ကင်းစောင့်ရတဲ့အခါမှာတော့ သင်ပင်ဟာ မွေ့ယာပါပဲ။ (ညကင်းဆို သစ်ပင်မှီရင်း ငိုက်ရတာကိုး)

ရဲဘော်တွေဟာ လူသားတွေမို့ အိမ်ကို လွမ်းကြပါတယ်။ သို့သော် တောရိပ်ခိုပြီး အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ ထွက်လာကတည်းကနေ အခုအထိ လွမ်းပါရက်နဲ့ အိမ်မပြန်နိုင်ခဲ့ကြပါဘူး။ အိမ်ရှိတဲ့ အရပ်ကို မျက်နှာမူပြီး ငေးကြည့်ရုံနဲ့ အလွမ်းဖြေကြရပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးကာလအတွင်းမှာ အသက်ပေးသွားခဲ့ကြတဲ့ ကျဆုံးရဲဘော်များကို တိုင်တည်ပြီး စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သစ္စာဓိဌာန်ကို ချထားသူများပီပီ နောက်ပြန်လှည့်ဖို့ စိတ်တောင် မကူးကြပါဘူး။

စားသောက်တာမှာလည်း အိမ်မှာဆို အသားတစ်မယ်နှင့် အရံဟင်းနှစ်မယ်လောက်ပါမှ စားလို့အဆင်ပြေတယ်ဆိုတဲ့ လူငယ်တွေဟာ တောထဲမှာဆို ပဲပြုတ်တစ်မယ်နဲ့လည်း စားကြတာပါပဲ။ ရှူးရှဲတစ်ထုတ် ဟာလည်း ထမင်းတစ်နပ်ဖြစ်ကြတာပါပဲ။

ဒေါင်းလန်းကြီးနဲ့ လက်ဆုံ ထမင်းစားတယ် ဆိုတာကို စာတွေထဲ တွေ့ဖူးပေမယ့် ငှက်ပျောရွက်ထဲ အလယ်မှာ ထမင်းပုံပြီး ရူးရှဲတစ်ထုတ်ကို ဖောက်ပြီး အလယ်ပုံထမင်းထဲက လိုသလောက် ယူပြီး နယ်ဖတ်စားရတာဟာ မကြာခဏ ဖြစ်နေတာမို့ စာပေထဲက ဘဝကို လက်တွေ့ပိုင်ဆိုင်နေကြတယ်လို့ စိတ်ကူးနဲ့ ပျော်အောင် ကျေနပ်နေကြသူတွေပါ။

နေထိုင်ရတာ ခက်ခဲလား ဆိုတော့ ခက်ခဲပါတယ်။ စားသောက်ရတာ ခက်ခဲလားဆို ခက်ခဲပါတယ်။ အိမ်ပြန်ပြီး မိဘအိမ်မှာ အေးအေးချမ်းချမ်း နေပါလား ဆိုရင်တော့

အာဏာရှင်တွေ အမြစ်ပြတ်မှ အိမ်ပြန်မယ် ဆိုတဲ့ အဓိဌာန်ဟာ ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်သားများရဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်နေတာကြောင့်

အာဏာရှင် အမြစ်ပြတ်တဲ့နေ့ရောက်ရင် အိမ်က ထမင်းဝိုင်းမှာ ဟင်းကောင်းကောင်းနဲ့ စားပြီး ဆောင်းညတွေရဲ့ အအေးထဲမှာ အိပ်ယာပေါ်က စောင်ပုံထဲ ဇိမ်နဲ့ အိပ်တော့မယ်။

အခုတော့ ပြည်သူတွေ အာဏာရှင်လက်အောက်က လွတ်ဖို့ ယောတပ်သားတွေ ဆက်လက်တိုက်ပွဲ ဝင်နေပါဦးမယ်”လို့​ ဓာတ်ပုံ​တွေနဲ့တစ်ကွ ဖော်ပြထားပါတယ်။