Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကျရောက်မည့်ရက်တွင် စစ်ကောင်စီတပ်က ချင်းနှင့်ယောနယ်ကို အင်အားဖြည့်တင်း

မင်းတပ်ဒေသခံတစ်ဦးကလည်း ယမန်နေ့ညက တိုက်လေယာဉ်တစ်စီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ သုံးကြိမ် ပျံဝဲခဲ့ကြောင်း၊ ဗုံးသံလည်း ခပ်တိုးတိုးကြားရပြီး မည်သည့်နေရာကို ဗုံးချသည်ကို မသိရသေးကြောင်း အသိပေးထားသည်။

(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)
(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)

မုန်တိုင်းကျရောက်မည့်ရက်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသများအတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိရာ ယောနယ်ဖြစ်သည့် မကွေးတိုင်း ဆောမြို့နယ်သို့ အင်အား ၂၀၀ခန့် ဖြည့်တင်းထားသည်ဟု ဆောမြို့နယ်ဒေသခံက ပြောသည်။

လက်ရှိတွင် ဆောမြို့နယ် ကျောက်ထုအနီးတွင် စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ခန့် ရောက်ရှိနေသကဲ့သို့ ယခင်ရှိပြီး တပ်အင်အား ၉၀ကျော်ဖြင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“မနေ့က ပခုက္ကူကတက်လာတဲ့ ကား ၁၂စီးဆိုတာက ကျနော်တို့ ဆောမြို့နယ်အစပ်ကို ချပြီးပြန်သွားတာ။ ဘယ်သွားမယ်တော့ မသိရသေးဘူး။ အင်အား ၂၀၀လို့ကြားရတယ်။ အခုဟာ ရဲအင်အားအသစ်တွေ ပျူတွေနေမယ်ထင်ပါတယ်။ချင်းပြည်နယ်တက်မှာလား ဘယ်သွားမှာလည်း မသိရသေးဘူး။” ဆောဒေသခံက ယနေ့ ညပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ဆောနယ်နှင့်မင်းတပ်နယ်ကို တိုက်လေယာဉ် ပျံသန်းမှု ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“လေယာဉ်လာတာနဲ့ ဖုန်းချ(ယမန်နေ့ညက ဒေသခံမှ လေယာဉ်လာ၍ ဖုန်းချသွား)တာပါ။ ထီးလင်းဘက် ဆင်းသွားတယ်ကြားတယ်။ မင်းတပ်ဘက်တော့ ဘာမှမကြားသေးဘူး” ဟု ဆောဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မင်းတပ်ဒေသခံတစ်ဦးကလည်း ယမန်နေ့ညက တိုက်လေယာဉ်တစ်စီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ သုံးကြိမ် ပျံဝဲခဲ့ကြောင်း၊ ဗုံးသံလည်း ခပ်တိုးတိုးကြားရပြီး မည်သည့်နေရာကို ဗုံးချသည်ကို မသိရသေးကြောင်း အသိပေးထားသည်။

မင်းတပ်နှင့် ဆောနယ်သည် မိုခါ မုန်တိုင်းဒဏ် သက်ရောက်မှုရှိမည့် ဒေသများထံ၌ ပါဝင်သည်။ ဆောနယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့ကျင်းပခဲ့ဟု ဒေသခံက ပြောသည်။ မုန်တိုင်းဝင်ရောက်ပါက တောထဲ၌ တိမ်းရှောင်နေကြရသည့် ဒေသခံများ အခက်အခဲများစွာ ကြုံရမည်ဟု ဒေသခံက ပြောသည်။

“စစ်ဘေးရှောင်တွေတော့ရှိတာပေါ့။ စစ်ဘေးရှောင်တွေက နေအိမ်မှာ မဟုတ်တော့ အန္တရာယ်များတာပေါ့။ တောတွေထဲနေကြရတာ။ သူတို့တွေက အဆောက်အဦ ခိုင်ခိုင်မာမာ မရှိတဲ့အတွက် အန္တရာယ်များတာပေါ့။ စစ်ရှောင်ကတော့ အခုများလာလိုက် အခုနည်းသွားလိုက် ခန့်မှန်းလို့မရဘူး။ စစ်ကြောင်းထိုးရင်ထိုးသလို လူဦးရေများသွားတယ်။ စစ်ကြောင်းမရှိဘူးဆို လူဦးရေနည်းသွားတာ”ဟု ဆောနယ်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။