Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကျရောက်မည့်ရက်တွင် စစ်ကောင်စီတပ်က ချင်းနှင့်ယောနယ်ကို အင်အားဖြည့်တင်း

မင်းတပ်ဒေသခံတစ်ဦးကလည်း ယမန်နေ့ညက တိုက်လေယာဉ်တစ်စီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ သုံးကြိမ် ပျံဝဲခဲ့ကြောင်း၊ ဗုံးသံလည်း ခပ်တိုးတိုးကြားရပြီး မည်သည့်နေရာကို ဗုံးချသည်ကို မသိရသေးကြောင်း အသိပေးထားသည်။

(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)
(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)

မုန်တိုင်းကျရောက်မည့်ရက်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသများအတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိရာ ယောနယ်ဖြစ်သည့် မကွေးတိုင်း ဆောမြို့နယ်သို့ အင်အား ၂၀၀ခန့် ဖြည့်တင်းထားသည်ဟု ဆောမြို့နယ်ဒေသခံက ပြောသည်။

လက်ရှိတွင် ဆောမြို့နယ် ကျောက်ထုအနီးတွင် စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ခန့် ရောက်ရှိနေသကဲ့သို့ ယခင်ရှိပြီး တပ်အင်အား ၉၀ကျော်ဖြင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“မနေ့က ပခုက္ကူကတက်လာတဲ့ ကား ၁၂စီးဆိုတာက ကျနော်တို့ ဆောမြို့နယ်အစပ်ကို ချပြီးပြန်သွားတာ။ ဘယ်သွားမယ်တော့ မသိရသေးဘူး။ အင်အား ၂၀၀လို့ကြားရတယ်။ အခုဟာ ရဲအင်အားအသစ်တွေ ပျူတွေနေမယ်ထင်ပါတယ်။ချင်းပြည်နယ်တက်မှာလား ဘယ်သွားမှာလည်း မသိရသေးဘူး။” ဆောဒေသခံက ယနေ့ ညပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ဆောနယ်နှင့်မင်းတပ်နယ်ကို တိုက်လေယာဉ် ပျံသန်းမှု ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“လေယာဉ်လာတာနဲ့ ဖုန်းချ(ယမန်နေ့ညက ဒေသခံမှ လေယာဉ်လာ၍ ဖုန်းချသွား)တာပါ။ ထီးလင်းဘက် ဆင်းသွားတယ်ကြားတယ်။ မင်းတပ်ဘက်တော့ ဘာမှမကြားသေးဘူး” ဟု ဆောဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မင်းတပ်ဒေသခံတစ်ဦးကလည်း ယမန်နေ့ညက တိုက်လေယာဉ်တစ်စီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ သုံးကြိမ် ပျံဝဲခဲ့ကြောင်း၊ ဗုံးသံလည်း ခပ်တိုးတိုးကြားရပြီး မည်သည့်နေရာကို ဗုံးချသည်ကို မသိရသေးကြောင်း အသိပေးထားသည်။

မင်းတပ်နှင့် ဆောနယ်သည် မိုခါ မုန်တိုင်းဒဏ် သက်ရောက်မှုရှိမည့် ဒေသများထံ၌ ပါဝင်သည်။ ဆောနယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့ကျင်းပခဲ့ဟု ဒေသခံက ပြောသည်။ မုန်တိုင်းဝင်ရောက်ပါက တောထဲ၌ တိမ်းရှောင်နေကြရသည့် ဒေသခံများ အခက်အခဲများစွာ ကြုံရမည်ဟု ဒေသခံက ပြောသည်။

“စစ်ဘေးရှောင်တွေတော့ရှိတာပေါ့။ စစ်ဘေးရှောင်တွေက နေအိမ်မှာ မဟုတ်တော့ အန္တရာယ်များတာပေါ့။ တောတွေထဲနေကြရတာ။ သူတို့တွေက အဆောက်အဦ ခိုင်ခိုင်မာမာ မရှိတဲ့အတွက် အန္တရာယ်များတာပေါ့။ စစ်ရှောင်ကတော့ အခုများလာလိုက် အခုနည်းသွားလိုက် ခန့်မှန်းလို့မရဘူး။ စစ်ကြောင်းထိုးရင်ထိုးသလို လူဦးရေများသွားတယ်။ စစ်ကြောင်းမရှိဘူးဆို လူဦးရေနည်းသွားတာ”ဟု ဆောနယ်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။